True Move, AIS/One2call, Dtac/Happy

True Move, AIS/One2call, Dtac/Happy
ဇန်နဝါရီ 29, 2015
By Tachileik News Agency

ထိုင်းနိုင်ငံတွင် True Move, AIS/One2call, Dtac/Happy စသည့် Mobile SIM ကတ်များ အသုံးပြုသူ သန်း(၉၀)အား ဖေဖေါ်ဝါရီလ(၁)ရက်နေ့မှ စတင်၍ ၂၀၁၅ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထားကာ မှတ်ပုံတင်၍ အသုံးပြုရမည်ဟု ထိုင်းနိုင်ငံ အမျိုးသား တယ်လီဖုန်းဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ကော်မရှင်(NBTC)မှ တာဝန်ရှိသူတစ်ဦးမှ အသိပေးပြောကြားသည်။

အဆိုပါ Mobile SIM ကတ်တွေကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့က စပြီး ခွန်ထိုင်းဘဏ်၊ စူပါမာကက်၊ Tesco Lotus၊ Big C နှင့် 7-Eleven တို့မှာ စတင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရ ဆက်သွယ်ရေး တာဝန်ရှိ Tha korn Tanthasit မှ အသိပေး ပြောကြားထားသည်။

Mobile Phone အသုံးပြုသူတွေကို မှတ်ပုံတင်ရန် အချိန်(၆)လပေးထားပြီး မှတ်ပုံတင်ခြင်း မပြုရင်တော့ Mobile အော်ပရေတာမှ အသုံးပြုသော SIM ကတ်အား ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း Mobile ဖုန်း နှင့် ဖုန်းကတ်များအား အသုံးပြု၍ ဖေါက်ခွဲခြင်း နှင့် မသမာမှု ကိစ္စရပ်များတွင် အသုံးပြုလာကြသည့် အတွက် ကြိုတင် ဟန့်တားနိုင်ရန် ယခုလို မှတ်ပုံတင်သို့မဟုတ် အလုပ်သမား မှတ်ပုံတင် သို့မဟုတ် ပတ်စပိုစ့် တို့ဖြင့် မှတ်ပုံတင်ထားရမည်ဟုသိရသည်။

ထိုင်းနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကတော့ ချမှတ်ပြီးစီးတာကြာပြီဖြစ်သော်လည်း ယင်းဥပဒေအား အသက်ဝင်အောင် တိတိကျကျ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် Mobile ဖုန်းအသုံးပြုသူ သန်း(၉၀)ထက် ပိုမိုကျော်လွန်နေခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းဆက်သွယ်ရေး တာဝန်ရှိသူ Prawit Leesatha Pornwongsa မှပြောသည်။

ဥပဒေအရ ဖုန်းနံပါတ် အသစ်များနှင့် အသုံးပြုလျှက်ရှိသော ဖုန်းနံပါတ်များပါ မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်ဖြစ်ပြီး ထိုကိစ္စများအား ဖုန်ဆက်သွယ်ရေးဌာနများမှ လစ်လျှူရှုထားကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

ဖုန်းအသုံးပြုသူများအား လွယ်ကူစွာ မှတ်ပုံတင်နိုင်အောင် စီမံဆောင်ရွက်ထားပြီး မှတ်ပုံတင်ခြင်း လုံးဝမပြုလုပ်တဲ့ ဖုန်းနံပါတ်များကိုတော့ ငွေဖြည့်ကဒ် ထပ်မံဖြည့်သွင်းခွင့်ပြုတော့မှာ မဟုတ်ကြောင်းပြောဆိုထားသည်။

ယခုလို ထိုင်း sim ကတ်များကို မှတ်ပုံတင်ပြုလုပ်ပြီးမှသာ အသုံးပြရန်အတွက် ထိုင်းရုပ်သံလိုင်းများနှင့် အွန်လိုင်းမီဒီယာများမှလည်း

 Tachileik Online News ( www.tachileik.net  )