~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
************
�Update: 11:13PM ၊ 7/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်းမှ ပိတ်မိနေသူများကယ်ဆယ်ရေးအတွက် မယ်ဆိုင်ဂူအနီး ဖာမီတောင်ပေါ်တွင် ဂူပေါက်လိုက်ရှာသည့်အဖွဲ့မှ ကားတစ်စီး ဇူလိုင်လ (၇)ရက်နေ့ ညနေက ချောက်ထဲပြုတ်ကျသွားရာ ကယ်ဆယ်ရေးအဖွဲ့မှ လူ(၄)ဦး ဒဏ်ရာရသွားသည့်အနက် (၁)ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဂူအတွင်းပိတ်မိနေသည့် ကလေး(၁၂)ဦးနှင့်နည်းပြအား ကယ်ဆယ်ရေးလုပ်နေစဉ် ဇူလိုင်လ (၆)ရက်နေ့ကလည်း ရေငုပ်အဖွဲ့မှ (၁)ဦးသေဆုံးခဲ့ပြီး ဇူလိုင်လ(၇)ရက်နေ့တွင် ဂူပေါက်ရှာဖွေသည့်အဖွဲ့မှ (၁)ဦး သေဆုံးသွားခြင်းဖြစ်သည်။
ဂူအတွင်းပိတ်မိနေသည့် (၁၃)ဦးအား ကယ်ထုတ်နိုင်ရန်အတွက် ဂူအတွင်းပိုင်းတွင် ရေများနေရာ ရေစုပ်ထုတ်ခြင်းဖြင့် ရေလျော့နည်းစေရန်လုပ်ဆောင်နေပြီး တစ်ပြိုင်တည်းမှာပင် ဂူအပေါ်ဘက်မှ ဖေါက်ဝင်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားနေကြခြင်းဖြစ်သည်။
ဇွန်လ (၂၃)ရက်နေ့ကတည်းက ဂူအတွင်းပိတ်မိနေသည့်ကလေးတွေကို ကယ်ထုတ်ရန် (၁၅)ရက်မြောက်နေ့အဖြစ် ကြိုးစားနေကြဆဲဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကယ်ထုတ်သွားနိုင်ချေရှိသည်ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင်လ(၇)ရက်နေ့တွင် ပြောထားသည်။
Tachileik News Agency
ဓါတ်ပုံ #UShare