ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းစနစ္ ဧၿပီလတြင္ စတင္မည္

ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းစနစ္ ဧၿပီလတြင္ စတင္မည္
ဇန်နဝါရီ 21, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ အေကာင္အထည္ေဖၚေနသည့္ အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္အား ဧၿပီလတြင္ စတင္မည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာနမွ သိရသည္။

“ လာမယ့္ ၂၀၁၉ ခုႏွစ္ ဘ႑ာႏွစ္စတင္တဲ့အခ်ိန္မွာ စႏိုင္ေလာက္တယ္။ အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္က တစ္ျခားၿမိဳ႕နယ္ေတြမွာလည္း အသံုးျပဳေနၾကၿပီဆိုေတာ့ ျပည္နယ္အစိုးရအေနနဲ႔ လုပ္ငန္းအထူးအဆန္းမဟုတ္ေတာ့ဘူး။ ဒီဟာအတြက္ စာခ်ဳပ္ပံုစံေတြ၊ စည္းကမ္းပံုစံေတြ ျပည္နယ္မွာ ရွိၿပီးသား။ ေရွ႕လုပ္ငန္းေတြမွာလည္း စိစစ္ၿပီးသားဆိုေတာ့ အခုမူၾကမ္းကိုသေဘာတူၿပီးၿပီလည္းျဖစ္ေတာ့ ျပည္နယ္ကေန ခြင့္ျပဳခ်က္ရၿပီဆိုတာနဲ႔ စတင္ႏိုင္ပါၿပီ ’’ ဟု ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အိမ္တိုင္ရာေရာက္အမႈိက္သိမ္းစနစ္အား ပုဂၢလိကကုမၸဏီတစ္ခုက အေကာင္အထည္ေဖၚမည္ျဖစ္ၿပီး ေကာက္ခံမည့္ႏႈန္းထားမ်ားကို ၂၀၁၇ ခုႏွစ္ မတ္လမွစတင္၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားမွတစ္ဆင့္ ၿမိဳ႕ေနလူထုထံသို႔ စာမ်ားျဖန္႔ေဝကာ သေဘာထားေကာက္ခံရာ ကန္႔ကြက္မႈ မရွိသည့္အတြက္ အမႈိက္သိမ္းမည့္ကုမၸဏီမွ မူၾကမ္းတင္သြင္းခ်က္ကို ျပည္နယ္သို႔တင္ျပထားၿပီးျဖစ္ေၾကာင္း သိရသည္။

“အခုက ျပည္နယ္အစိုးရေပၚမူတည္ပါတယ္။ စာခ်ဳပ္ကေတာ့လုပ္ၿပီးၿပီ။ ျပည္နယ္ကို တင္လိုက္မယ္။ အာမခံေငြသြင္းဖို႔ပဲ က်န္ေတာ့တယ္။ လာမယ့္ မတ္လမတိုင္မီ အၿပီးလုပ္သြားမွာပါ။ ျပည္နယ္က ခြင့္ျပဳခ်က္ ရတာနဲ႔ စႏိုင္ပါၿပီ” ဟု ေက်ာက္မဲတြင္ အိမ္တိုင္ရာေရာက္ စနစ္ျဖင့္ လုပ္ကိုင္မည့္ Green Hope Company မွ မန္ေနဂ်င္းဒါရိုက္တာ ဦးတန္ဂြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အိမ္တိုင္ရာေရာက္အမိႈက္သိမ္းဝန္ေဆာင္မႈအတြက္ အခြန္ႏႈန္းထားမ်ားကို လူေနအိမ္၊ စီးပြားေရးလုပ္ငန္း၊ ဟိုတယ္ ႏွင့္ စားေသာက္ဆိုင္မ်ားအား အဆင့္လိုက္ခြဲျခားေကာက္ခံသြားမည္ျဖစ္ၿပီး ႏႈန္းထားမ်ားကို ျပည္နယ္မွ အတည္ျပဳခ်က္ရရွိၿပီးမွသာ ထုတ္ျပန္ ေၾကညာေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမိႈက္သိမ္းကုမၸဏီမွ ဝန္ထမ္းမ်ားႏွင့္ စက္ကိရိယာ/ ယာဥ္မ်ား ထားရွိရန္အတြက္ ေက်ာက္မဲၿမိဳ႕ အမွတ္ (၁) ရပ္ကြက္ရွိ ေျပာင္းေရႊ႕ေနဆဲ သခ်ၤိဳင္းေဟာင္းေနရာတြင္ ယာယီစတင္ အသံုးျပဳမည္ျဖစ္ၿပီး အမိႈက္စြန္႔ပစ္မႈေနရာအတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ရွိ စြန္႔ပစ္ ေနသည့္ ေနရာတြင္ ေျမဧက (၅) ဧက ခန္႔ကို အသံုးျပဳမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ် ဧပြီလတွင် စတင်မည်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အကောင်အထည်ဖေါ်နေသည့် အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်အား ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

“ လာမယ့် ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်စတင်တဲ့အချိန်မှာ စနိုင်လောက်တယ်။ အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်က တစ်ခြားမြို့နယ်တွေမှာလည်း အသုံးပြုနေကြပြီဆိုတော့ ပြည်နယ်အစိုးရအနေနဲ့ လုပ်ငန်းအထူးအဆန်းမဟုတ်တော့ဘူး။ ဒီဟာအတွက် စာချုပ်ပုံစံတွေ၊ စည်းကမ်းပုံစံတွေ ပြည်နယ်မှာ ရှိပြီးသား။ ရှေ့လုပ်ငန်းတွေမှာလည်း စိစစ်ပြီးသားဆိုတော့ အခုမူကြမ်းကိုသဘောတူပြီးပြီလည်းဖြစ်တော့ ပြည်နယ်ကနေ ခွင့်ပြုချက်ရပြီဆိုတာနဲ့ စတင်နိုင်ပါပြီ ’’ ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်အား ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အကောင်အထည်ဖေါ်မည်ဖြစ်ပြီး ကောက်ခံမည့်နှုန်းထားများကို ၂၀၁၇ ခုနှစ် မတ်လမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နေလူထုထံသို့ စာများဖြန့်ဝေကာ သဘောထားကောက်ခံရာ ကန့်ကွက်မှု မရှိသည့်အတွက် အမှိုက်သိမ်းမည့်ကုမ္ပဏီမှ မူကြမ်းတင်သွင်းချက်ကို ပြည်နယ်သို့တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

“အခုက ပြည်နယ်အစိုးရပေါ်မူတည်ပါတယ်။ စာချုပ်ကတော့လုပ်ပြီးပြီ။ ပြည်နယ်ကို တင်လိုက်မယ်။ အာမခံငွေသွင်းဖို့ပဲ ကျန်တော့တယ်။ လာမယ့် မတ်လမတိုင်မီ အပြီးလုပ်သွားမှာပါ။ ပြည်နယ်က ခွင့်ပြုချက် ရတာနဲ့ စနိုင်ပါပြီ” ဟု ကျောက်မဲတွင် အိမ်တိုင်ရာရောက် စနစ်ဖြင့် လုပ်ကိုင်မည့် Green Hope Company မှ မန်နေဂျင်းဒါရိုက်တာ ဦးတန်ဂွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်တိုင်ရာရောက်အမှိုက်သိမ်းဝန်ဆောင်မှုအတွက် အခွန်နှုန်းထားများကို လူနေအိမ်၊ စီးပွားရေးလုပ်ငန်း၊ ဟိုတယ် နှင့် စားသောက်ဆိုင်များအား အဆင့်လိုက်ခွဲခြားကောက်ခံသွားမည်ဖြစ်ပြီး နှုန်းထားများကို ပြည်နယ်မှ အတည်ပြုချက်ရရှိပြီးမှသာ ထုတ်ပြန် ကြေညာပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှိုက်သိမ်းကုမ္ပဏီမှ ဝန်ထမ်းများနှင့် စက်ကိရိယာ/ ယာဉ်များ ထားရှိရန်အတွက် ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြောင်းရွှေ့နေဆဲ သချင်္ိုင်းဟောင်းနေရာတွင် ယာယီစတင် အသုံးပြုမည်ဖြစ်ပြီး အမှိုက်စွန့်ပစ်မှုနေရာအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ရှိ စွန့်ပစ် နေသည့် နေရာတွင် မြေဧက (၅) ဧက ခန့်ကို အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~