(တင်ရန်) စက်ရိုက်အုတ် ထုတ်လုပ်သူများလာ၍ ကျောက်မဲတွင် စက်ရိုက်အုတ်ဈေးကျ

(တင်ရန်) စက်ရိုက်အုတ် ထုတ်လုပ်သူများလာ၍ ကျောက်မဲတွင် စက်ရိုက်အုတ်ဈေးကျ
အောက်တိုဘာ 31, 2016
By Tachileik News Agency

နေဖြိုးမြင့် - Tachileik News Agency
ကျောက်မဲ၊ အောက်တိုဘာလ (၂၆) ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲမြို့တွင် စက်ရိုက်အုတ် ထုတ်လုပ်သူများလာသော်လည်း ဈေးကွက်ပုံမှန်သာ ရှိသဖြင့် စက်ရိုက်အုတ်ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

“အရင်ကစက်အုတ်ထုတ်တဲ့သူ ဒီလောက်မများဘူး။ ဈေးကောင်းရတာ သိလာကြတော့ ထုတ်တဲ့သူများလာတယ်။ ဈေးလည်းကျလာတယ်” ဟု စက်အုတ်လုပ်ငန်းကို လေးနှစ်ကြာလုပ်ကိုင်လာသူ ကိုတိုးက ပြောသည်။

ကျောက်မဲမြို့ အုတ်ဈေးကွက်တွင် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များက စက်ရိုက်အုတ် ထုတ်လုပ်ရောင်းချသူ တဖြည်းဖြည်းများပြားလာသည့်အတွက် ဈေးကောင်းမရတော့ကြောင်း ၄င်းက ဆိုသည်။

“နွေကျတော့ အုတ်ထုတ်လုပ်သူများတော့ ဈေးမရဘူး။ ရောင်းအားကတော့ မဆိုးပါဘူး။ မိတ်ရှိရင်ရှိ သလိုပေါ့။ မိုးတွင်းမှာ ပိုရောင်းကောင်းတယ်” ဟု စက်အုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်တွင် စက်အုတ်တစ်လုံးလျှင် အိမ်အရောက် (၁၃၀) ကျပ်အထိဈေးရခဲ့ပြီး ယခုနှစ်တွင် အိမ်အရောက် (၁၂၀) ကျပ်သာရတော့ကြောင်း သိရသည်။

ကျောက်မဲအုတ်ဈေးကွက်တွင် ဖြုန်း( ဗြုံး )အသုံးပြု စက်အုတ်၊ လက်ရိုက်အုတ်နှင့် မြေနီအသုံးပြုသည့် မီးဖုတ်အုတ်နီသုံးမျိုးတွင် စက်အုတ်လုပ်ငန်းမှာ ထုတ်လုပ်မှုပိုများလာကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~