ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လေယာဉ်ကွင်းတိုးချဲ့ရန် သိမ်းဆည်းမြေများအနက် ပိုလျှံမြေများအား ယခုအစိုးရလက်ထက်တွင် တပ်မတော်က ပြန်လည်စွန့်လွှတ်လိုက်သော်လည်း မူလပိုင်ရှင်အားလုံး ပြန်လည်မရရှိကြောင်း သိရသည်။
"သူတို့ မြေကွက်တွေပြန်ပေးတော့ သိမ်းဆည်းတုန်းက မြေတစ်ဧကကို မြေကွက်(၁)ကွက်နှုန်းသဘောမျိုးနဲ့ အချိုးချပြီးပေးတာ။ ဒါကြောင့် တစ်ချို့ တစ်ဧကမပြည့်တဲ့သူကျတော့ မြေကွက်လုံးဝပြန်ရခြင်းမရှိတဲ့ သူတွေပါတယ်။ "ဟု တာချီလိတ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ်က ပြောသည်။
ပိုလျှံမြေများအား မြေကွက် (၁၀၀)ကျော်ရိုက်၍ မူလပိုင်ရှင်များအား မြေတစ်ဧကလျှင် မြေကွက်တစ်ကွက် နှုန်းဖြင့် ပြန်လည်ပေးအပ်ခြင်းဖြစ်ရာ မြေတစ်ဧကမပြည့်သူများအနေဖြင့် မြေကွက်ပြန်လည် မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့နားက သိမ်းသွားတဲ့ အဲဒီမြေကွက်တွေမှာ ပိုင်ဆိုင်ပါတယ်ဆိုတဲ့သူတွေကလည်း လာရောက် နေထိုင်တာလည်း မရှိဘူး။ လုပ်ကိုင်စားသောက်တာလည်း မရှိဘူး။ အုတ်တံတိုင်းခတ်တာတောင်မရှိဘူး။ သိမ်းဆည်းတုန်းကလည်း လျော်ကြေးငွေပေးခဲ့တာမရှိ။ ဒါကြောင့်ပြန်လိုချင်တာ"ဟု မြေယာ သိမ်းဆည်းခံရသူ ဒေါ်နန်းနုက ပြောသည်။
တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ(၆၆)ဦးထံမှ ဥယျာဉ်ခြံမြေနှင့် လယ်မြေများအား ၁၉၉၆ ခုနှစ်ဝန်းကျင်တွင် တပ်မတော်မှ လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ရန်အတွက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် စီမံကိန်းပိုလျှံမြေများအား တပ်မတော်မှ ပြန်လည်စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ