တာချီလိတ်အွန်လိုင်း၌ သြဂုတ်လ ၂၇ရက် နံနက် ၁၁ နာရီက "လမ်းပေါ်တွင် လျှောက်သွားနေသော မိဘမဲ့ ကလေးငယ်တစ်ဦးအား လမ်းမှားမရောက်စေရန်အတွက် (ပရဟိတ)အောင်မင်္ဂလာတောရကျောင်းသို့ ပို့ဆောင်"ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းတစ်တစ်ပုဒ်အား တာချီလိတ်အွန်လိုင်း၏ သတင်းစာမျက်နှာနှင့် Facebook တွင် ဖော်ပြခဲ့ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြိုနေ မြန်မာနိုင်ငံ တစ်ဦးမှ ကလေးအား လက်ခံပေးပြီး သာသနာ့ဘောင်သို့ သွတ်သွင်းပေးသည့် (ပရဟိတ)အောင်မင်္ဂလာတောရကျောင်း၏ ဆန် (၂)အိတ်၊ ဆီပုလင်း (၁)ဖာနှင့် သင်္ကန်း၊ သပိတ်တစ်စုံ ကို လှူဒါန်းလိုသည့်အတွက် တာချီလိတ်အွန်လိုင်းသို့ ဆက်သွယ်လာခဲ့ပါသည်။
ထိုအတွက် တာချီလိတ်အွန်လိုင်းမှ မယ်ဆိုင်သို့သွားရောက်ပြီး လှူဖွယ်ပစ္စည်းအား သွားရောက် လက်ခံရယူကာ တဆင့်ပြန်လည်၍ (ပရဟိတ)အောင်မင်္ဂလာတောရကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬