ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် သက်ကြီး အငြိမ်းစား ဆရာ/မများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
"အငြိမ်းစားယူသွားတဲ့ ဆရာ/ဆရာမတွေကို ဖိတ်ကြားပြီးတော့ ကျွန်မတို့ ပညာရေးဌာန အနေနဲ့ ကမ္ဘာ့ဆရာများနေ့မှာ ပူဇော်ကန်တော့
ရတဲ့ အတွက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမများ ကိုယ်စား ဝမ်းသာမိပါတယ်"ဟု ခရိုင်ပညာရေးမှူး ဒေါ်ခင်သင်ထားက ပြောသည်။
အဆိုပါ ပူဇော်ကန်တော့ပွဲတွင် ကျောင်းသား/ကျောင်းသူများမှ မြတ်ဆရာ သီချင်းဖြင့် ဖျော်ဖြေကြပြီး ဘက်စုံထူးချွန်ဆုရ အထက(မိုင်းဖြတ်)မှ အလယ်တန်းပြ ဆရာမ ဒေါ်မာလာယော်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံး/ကဗျာ ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား ဆုများပေးအပ်သည်။
တက်ရောက်လာသည့် အငြိမ်းစားဆရာ/ဆရာမ များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ပြီး တက်ရောက်လာသူများမှ ကန်တော့ခဲ့ကြကြောင်း သိရှိရပါသည်။
"ကျွန်တော့် အနေနဲ့ကတော့ ခုလိုနေ့မျိုးမှာ ပူဇော်ကန်တော့ခံရ၊ အသိအမှတ်ပြုခံရတာကို အရမ်းဝမ်းသာမိပါတယ်၊ ခု ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေအနေနဲ့လည်း ကျောင်းသား/ကျောင်းသူလေးတွေကို ထူးချွန်ထက်မြက်အောင် သင်ကြားပေးစေလိုပါတယ်"ဟု အငြိမ်းစား ကျောင်းအုပ်ဆရာကြီး
ဦးထွန်းမြင့်က ပြောသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ