မႏၱေလးတိုင္းေဒသႀကီး ၊ႏြားထိုးႀကီးၿမိဳ႕နယ္၊ ဘုရားႀကီးရြာမွ ျမန္မာ့တြင္းထြက္ အင္ၾကင္းေက်ာက္ျဖင့္ ျပဳလုပ္ေသာ ေရွးေဟာင္း ရိုးရာ ပ်ဴ(ခ)ခ်င္းပုတီးလုပ္ငန္းတြင္ အသံုးျပဳသည့္ အင္ၾကင္းေက်ာက္အမာ ရွားပါးလာေၾကာင္း ပုတီးျပဳ လုပ္ေသာသူမ်ားထံမွ သိရသည္။
“ဒီပုတီးလုပ္ငန္းက မ်ိဳးဆက္ အေမြလို႔ ေျပာလို႔ရတယ္။ ျမန္မာ့ရိုးရာလုပ္ငန္းလည္းျဖစ္ၿပီး ၀င္ေငြလည္း ရတယ္ဆိုေတာ့ ဆက္ၿပီးလုပ္ျဖစ္တာေပါ့။ ဦးႀကီးတို႔အေဖ လက္ထက္ကေတာ့ ပုတီးေစ့ကို သဲေက်ာက္နဲ႔ လုပ္ခဲ့တာ။ ေနာက္ပိုင္းမွသာ အင္ၾကင္းေက်ာက္ကို အသံုးျပဳၾကတာ။ ေနာက္ပိုင္း အင္ၾကင္းေက်ာက္ကလည္း ေစ်းကြက္၀င္လာတယ္။ တူးတဲ့သူ မ်ားလာတယ္။ အလွဆင္ဖို႔နဲ႔ ျပည္ပပို႔တာေတြ လုပ္ၾကေတာ့ ေက်ာက္အပြပဲက်န္ၿပီး ေက်ာက္အမာလည္း ရွားလာတယ္။”ဟု ဘိုးစဥ္ေဘာင္ဆက္ ပုတီးျပဳလုပ္ေသာ ဦးစိန္ၾကည္ေလးက ဆိုသည္။
အင္ၾကင္းေက်ာက္ကို ၂၀၀၀ ခုႏွစ္မွစတင္ၿပီး တူးေဖာ္မႈအမ်ားအျပား ျပဳလုပ္လာသျဖင့္ လြန္ခဲ့ေသာ (၁၀) ႏွစ္ခန္႔က ပုတီးေစ့ျပဳလုပ္ေသာ ေက်ာက္တစ္ပိႆာလွ်င္ က်ပ္ (၁,၀၀၀) ေက်ာ္ခန္႔ရွိခဲ့ရာမွ ယခုအခ်ိန္တြင္ က်ပ္ (၂,၀၀၀)အထိျဖစ္လာေၾကာင္း သိရသည္။
“ပုတီးလုပ္ငန္းက ရိုးရာမို႔သာလုပ္ရတာ။ ေက်ာက္ကိုလုပ္တာဆိုေတာ့ နည္းနည္းေတာ့ ခက္တယ္။ ပုတီးကုံုးတစ္ခုလုပ္တာက အဆင့္ခုႏွစ္ဆင့္ေလာက္ လုပ္ရတာ။ အခုေနာက္ပိုင္းမွ စက္ပစၥည္း အသစ္ေတြ ေပၚလာလို႔ နည္းနည္းသက္သာတာ။ ဟိုအရင္တုန္းကဆိုရင္ အားလံုးကိုလက္နဲ႔ပဲလုပ္ရတာ။ ေစ်းကလည္း ေက်ာက္အမ်ိဳးအစားနဲ႕ ဒီဇိုင္းေပၚမႈတည္ၿပီး အမ်ိဳးမ်ိဳးရွိတယ္။”ဟု ပုတီးကံုးျပဳလုပ္သူ ေဒၚခင္ေအးက ဆိုသည္။
ပုတီးတစ္ကံုးလွ်င္ က်ပ္ (၁,၀၀၀) မွ က်ပ္ (၃၀,၀၀၀) ခန္႔အထိရွိကာ ပုတီးေစ့ကို အျဖဴႏွင့္အနက္ အေရာင္ႏွစ္မ်ိဳးျဖင့္သာ ေဆးျခယ္ေၾကာင္းသိရသည္။
အလွဆင္ျခယ္မႈန္းေသာ ေဆးအျဖဴကို ဆပ္ျပာၾကမ္း၊ လက္ခ်ား၊ တမာေစးတို႔ျဖင့္ေရာစပ္ျပဳလုပ္ၿပီး ေဆးအနက္ေရာင္ကို ေဆးဒန္း၊ ဒုတၳာ၊ ကန္႔၊ မိခင္ႏို႕ရည္တို႔ျဖင့္ ေရာစပ္ျပဳလုပ္ေၾကာင္း သိရသည္။
“ဒီလုပ္ငန္းမွာ ထူးျခားတာကေတာ့ ဟိုး ဘိုးဘြားလက္ထက္ကတည္းက ေဆးအမဲကို မိခင္ႏို႔ ပါ၀င္ျပဳလုပ္ရတာပဲ။ အျခားဆိတ္ႏို႕၊ ႏြားႏို႕၊ ကၽြဲႏို႔ စတဲ့ရသမွ် ႏို႕နဲ႕ လုပ္ၾကည့္ဖူးတယ္။ ဒါေပမဲ့ ေဆးက အေရာင္မတင္ဘူး။ မိခင္ႏို႔ပါမွသာ လုပ္လို႔ရတာေတာ့ ထူးျခားခ်က္ေပါ့။ ျခယ္ထားတဲ့ ေဆးေလးေတြကလည္း ဘယ္ေတာ့မွ မပ်က္ဘူး။ ပုတီးေစ့ေလးေတြေပၚမွာ ျခယ္ထားတဲ့ ပံုစံေလးေတြ အတိုင္း သူတို႕ရဲ႕ အဓိပၸာယ္ေတြရွိ ပါတယ္။”ဟု ပုတီးလုပ္ငန္း လုပ္ကိုင္သူ ေဒၚခင္မာေ၀က ဆိုသည္။
ဘုရားႀကီးရြာတြင္ ျပဳလုပ္ေသာ ပုတီးမ်ားကို ရန္ကုန္ၿမိဳ႕မွ ပြဲစားမ်ား လာေရာက္၀ယ္ယူၾကၿပီး တာခ်ီလိတ္မွတဆင့္လည္း ထိုင္းႏိုင္ငံသို႔ အဓိကတင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ေရႊေဇာ္
“ဒီပုတီးလုပ်ငန်းက မျိုးဆက် အမွေလို့ ပြောလို့ရတယ်။ မြန်မာ့ရိုးရာလုပ်ငန်းလည်းဖြစ်ပြီး ဝင်ငွေလည်း ရတယ်ဆိုတော့ ဆက်ပြီးလုပ်ဖြစ်တာပေါ့။ ဦးကြီးတို့အဖေ လက်ထက်ကတော့ ပုတီးစေ့ကို သဲကျောက်နဲ့ လုပ်ခဲ့တာ။ နောက်ပိုင်းမှသာ အင်ကြင်းကျောက်ကို အသုံးပြုကြတာ။ နောက်ပိုင်း အင်ကြင်းကျောက်ကလည်း ဈေးကွက်ဝင်လာတယ်။ တူးတဲ့သူ များလာတယ်။ အလှဆင်ဖို့နဲ့ ပြည်ပပို့တာတွေ လုပ်ကြတော့ ကျောက်အပွပဲကျန်ပြီး ကျောက်အမာလည်း ရှားလာတယ်။”ဟု ဘိုးစဉ်ဘောင်ဆက် ပုတီးပြုလုပ်သော ဦးစိန်ကြည်လေးက ဆိုသည်။
အင်ကြင်းကျောက်ကို ၂၀၀၀ ခုနှစ်မှစတင်ပြီး တူးဖော်မှုအများအပြား ပြုလုပ်လာသဖြင့် လွန်ခဲ့သော (၁၀) နှစ်ခန့်က ပုတီးစေ့ပြုလုပ်သော ကျောက်တစ်ပိဿါလျှင် ကျပ် (၁,ဝဝဝ) ကျော်ခန့်ရှိခဲ့ရာမှ ယခုအချိန်တွင် ကျပ် (၂,ဝဝဝ)အထိဖြစ်လာကြောင်း သိရသည်။
“ပုတီးလုပ်ငန်းက ရိုးရာမို့သာလုပ်ရတာ။ ကျောက်ကိုလုပ်တာဆိုတော့ နည်းနည်းတော့ ခက်တယ်။ ပုတီးကုံးတစ်ခုလုပ်တာက အဆင့်ခုနှစ်ဆင့်လောက် လုပ်ရတာ။ အခုနောက်ပိုင်းမှ စက်ပစ္စည်း အသစ်တွေ ပေါ်လာလို့ နည်းနည်းသက်သာတာ။ ဟိုအရင်တုန်းကဆိုရင် အားလုံးကိုလက်နဲ့ပဲလုပ်ရတာ။ ဈေးကလည်း ကျောက်အမျိုးအစားနဲ့ ဒီဇိုင်းပေါ်မှုတည်ပြီး အမျိုးမျိုးရှိတယ်။”ဟု ပုတီးကုံးပြုလုပ်သူ ဒေါ်ခင်အေးက ဆိုသည်။
ပုတီးတစ်ကုံးလျှင် ကျပ် (၁,ဝဝဝ) မှ ကျပ် (၃၀,ဝဝဝ) ခန့်အထိရှိကာ ပုတီးစေ့ကို အဖြူနှင့်အနက် အရောင်နှစ်မျိုးဖြင့်သာ ဆေးခြယ်ကြောင်းသိရသည်။
အလှဆင်ခြယ်မှုန်းသော ဆေးအဖြူကို ဆပ်ပြာကြမ်း၊ လက်ချား၊ တမာစေးတို့ဖြင့်ရောစပ်ပြုလုပ်ပြီး ဆေးအနက်ရောင်ကို ဆေးဒန်း၊ ဒုတ္ထာ၊ ကန့်၊ မိခင်နို့ရည်တို့ဖြင့် ရောစပ်ပြုလုပ်ကြောင်း သိရသည်။
“ဒီလုပ်ငန်းမှာ ထူးခြားတာကတော့ ဟိုး ဘိုးဘွားလက်ထက်ကတည်းက ဆေးအမဲကို မိခင်နို့ ပါဝင်ပြုလုပ်ရတာပဲ။ အခြားဆိတ်နို့၊ နွားနို့၊ ကျွဲနို့ စတဲ့ရသမျှ နို့နဲ့ လုပ်ကြည့်ဖူးတယ်။ ဒါပေမဲ့ ဆေးက အရောင်မတင်ဘူး။ မိခင်နို့ပါမှသာ လုပ်လို့ရတာတော့ ထူးခြားချက်ပေါ့။ ခြယ်ထားတဲ့ ဆေးလေးတွေကလည်း ဘယ်တော့မှ မပျက်ဘူး။ ပုတီးစေ့လေးတွေပေါ်မှာ ခြယ်ထားတဲ့ ပုံစံလေးတွေ အတိုင်း သူတို့ရဲ့ အဓိပ္ပါယ်တွေရှိ ပါတယ်။”ဟု ပုတီးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ခင်မောဝက ဆိုသည်။
ဘုရားကြီးရွာတွင် ပြုလုပ်သော ပုတီးများကို ရန်ကုန်မြို့မှ ပွဲစားများ လာရောက်ဝယ်ယူကြပြီး တာချီလိတ်မှတဆင့်လည်း ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်