တာချီလိတ်မြို့ ကုန်စိမ်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ တစ်ကီလိုလျှင် ထိုင်ငွေ (၆၀)ဘတ်မှ (၈၀)ဘတ်အထိ ဈေးနှုန်းများမှာ အဆမတန် မြှင့်တက်နေပြီး
"ကြက်သွန်နီဈေးတက်နေတာက တာချီလိတ်တစ်မြို့တည်း မဟုတ်ဘူး၊ ပြည်မမှာရော တက်နေတာ၊ အကြောင်းအရင်းကတော့ မသိရပေမဲ့၊ ကြက်သွန်စိုက်တဲ့နေရာတွေမှာ ရေကြီးရေလျှံဖြစ်သွားတာတွေကြောင့်ရယ်၊ ပြည်ပကို ပို့လိုက်တာကြောင့်ရယ်လို့ မှတ်ယူလို့ရနိုင်တယ်၊ အခုက မြနမာနိုင်ငံမှာ လက်ကျန် ကြက်သွန်နီကို မရှိတော့တာ.."ဟု ၀မ်ကောင်း မြို့မဈေးရှိ ဖြိုးကုန်စုံဆိုင်မှာ ဦးဇော်မြင့်က ပြောသည်။
ပြီးခဲ့သည့်နှစ်များက ပြည်မ၌ ကြက်သွန်နီများ စိုက်ပျိုးသော်လည်း ဈေးကွက်မရှိ၍ အရှုံးပေါ်စေခဲ့သည့်အတွက် တောင်သူများမှာ ရောင်းရသည့် စာရိတ်နှင့် ကုန်ကျသည့် စာရိတ်တို့ မကိုက်ညီမှုများကြောင်း အားပြု စိုက်ပျိုးမှု လျော့ခဲ့ခြင်း အပြင် ၂၀၁၅ခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ကြက်နီသွန်များ ၂၀၁၅ခု နောက်ဆုံးလအစမှာ ကုန်လုနီးပါစေစေခဲ့တာ ဖြစ်ကြောင်း သိရသည်။
"အခု ဈေးထဲမှာတော့ တစ်ဦးနဲ့တစ်ဦး မတူညီကြဘူးပေါ့၊ တစ်ကီလိုကို (၈၀) (၈၅)ဘတ်နဲ့ ရောင်းနေတယ်၊ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ တစ်ကီလိုကို (၄၀)ကနေ (၆၀)ဘတ်အထိ ဖြစ်ခဲ့တယ်၊ အခု တစ်ကီလိုကို (၈၀)ဘတ်အထိ ဖြစ်လာတာကတော့ တစ်ပတ်လောက်ပဲ ရှိသေးတယ်၊ (၁)လပိုင်းလောက်ဆိုရင် ကြက်သွန်နီအသစ်တွေ ထွက်တော့မယ်ဆိုတော့ ဈေးပြန်ကျသွားနိုင်ပါတယ်.."ဟု ဦးဇော်မြင့်က ပြောပြသည်။
"ကျွန်တော်တို့ လက်လီပြန်ရောင်းတဲ့ ဈေးသည်တွေအနေနဲ့တော့ အဆင်မပြေဘူးပေါ့၊ ကြက်သွန်နီ အလုံကြီးလည်းကြီးမယ်၊ လှလည်းလှမယ်ဆိုရင် တစ်ကီလိုကို (၈၀)ဘတ်အထိရှိပြီး အလုံးသေးပြီး သိပ်မသန့်တာမျိုးဆိုရင်တော့ တစ်ကီလိုကို ဘတ်(၆၀)လောက်အထိရှိပါတယ်.."ဟု မြို့မဈေးမှ ကုန်ခြောက်သည် ကို