တရုတ်နိုင်ငံသားတစ်ဦးက အလုပ်သမား အမျိုးသမီးငယ်များကို မဖွယ်မရာ ပြုလုပ်ဟုဆိုကာ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်တိုင်တန်

တရုတ်နိုင်ငံသားတစ်ဦးက အလုပ်သမား အမျိုးသမီးငယ်များကို မဖွယ်မရာ ပြုလုပ်ဟုဆိုကာ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်တိုင်တန်
အောက်တိုဘာ 6, 2016
By Tachileik News Agency

မြိတ်ဒေသထွက် ကြိမ်သီးများကို လာရောက် အရောင်း/ ၀ယ်ပြုလုပ်နေသည်တရုတ်နိုင်ငံသားတစ်ဦးသည်၊ အလုပ်သမား အမျိုးသမီးငယ်များကို အလုပ်ချိန်နှင့် အလုပ်နားချိန်အတွင်း မဖွယ်မရာများ ပြုလုပ်နေသဖြင့် အလုပ်သမားများက မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာကို အုပ်ချုပ်ရေးမှူးရုံးကို လာရောက်တိုင်တန်းသွားခဲ့ကြောင်း ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးရန်နိုင်စိုးထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာ (၄) လမ်းရှိ ဦးတင်ထွန်း၏ နေအိမ်တွင် လာရောက် ငှားရမ်းနေထိုင်သူ တရုတ်နိုင်ငံသား Mr. ZHANG QUAN သည်၊ အလည်အပတ် Passport Visa ဖြင့် ကြိမ်သီး ပုတီလုပ်ငန်းများကို လာရောက် လုပ်နေကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားသည်၊ ကြိမ်သီး ပုတီးလုပ်ငန်းကို မြန်မာအလုပ်သမား အမျိုးသမီး (၁၃) ဦးနဲ့ ခေါ်ယူ လုပ်ခိုင်ခဲ့ကြောင်း အလုပ်သမားတစ်ဦးဖြစ်သူ မထက်ထက်က ရှင်းပြသည်။
အလုပ်ရှင် တရုတ်နိုင်ငံသားသည်၊ အလုပ် လုပ်ချိန်နှင့် အလုပ်နားချိန်တို့တွင် မြန်မာ အလုပ်သမား အမျိုးသမီးငယ်များကို မဖွယ်မရာများ ပြုလုပ်ခြင်း၊ ရေချိုခန်းအတွင်း ကြိမ်သီးများကို ရေဆေးနေစဉ် ကိုယ်ကိုသိုင်းဖက်ခြင်း၊ ရင်သားများအား ကိုင်ခြင်း၊ တင်ပါးကို ကိုင်ခြင်းနှင့် လက်ဝါးဖြင့် ရိုက်ခြင်းအပြင် ဖုန်းထဲမှ ညစ်ညမ်း ဗီဒီဖိုင်များကို အတင်းပြသခဲ့ခြင်းတို့ ကြောင့် အလုပ်သမားများက မကျေမနပ်ဖြစ်ကာ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားအား ဗီဇာစည်းကမ်း ဖောက်ဖြစ်မှုဖြစ် အမှုဖွင့် အရေးယူနိုင်ရန် မြိတ်ခရိုင် လ၀က ဦးစီးဌာနနှင့် မြိတ်မြို့နယ်ရဲစခန်းရုံးမှ ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။
၎င်း တရုတ်နိုင်ငံသားအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းနှင့် သတင်းပုံ
ဇော်ဇော်  (မြိတ်)

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~