ယီမင်နိုင်ငံ စစ်ပွဲအတွင်းမှ တရုတ်နိုင်ငံသား (၁၀)ဦးအား တရုတ်အစိုးရမှ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း CCTV သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ယီမင်နိုင်ငံအတွင်း ပြည်တွင်းစစ် ဖြစ်ပွားလျှက်ရှိရာ လူပေါင်း(၂၀၀)ခန့် ပိတ်မိနေကြောင်း နှင့် ယခုကဲ့သို့ အစိုးရမှ စစ်ပွဲများ အတွင်း နိုင်ငံခြားရောက် တရုတ်နိုင်ငံသားများကို ကယ်ဆယ်မှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
စစ်ပွဲအတွင်း လူပေါင်း(၂၂၅)ဦးတွင် ပါကစ္စတန်၊ အီသီယိုးပီးယား၊ စင်ကာပူ၊ အီတလီ၊ ဂျာမန်၊ ပိုလန်၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံသားများ ပါဝင်ပြီး တရုတ်နိုင်ငံ၏ ကူညီမှုအား ကျေးဇူးတင်ကြောင်း ယီမင်နိုင်ငံစစ်ပွဲအတွင်းမှ လွတ်မြောက်လာသူ အီသီယိုးပီးယားနိုင်ငံသား Mr,Djibouti မှ ဧပြီလ(၃)ရက်နေ့က ပြောသည်။
ယီမင်နိုင်ငံ၏ ဟူသီသူပုန်များအား ဆော်ဒီနိုင်ငံမှ ဦးဆောင်၍ လေကြောင်းစစ် ဆင်နွှဲလျှက်ရှိရာ နိုင်ငံတောင်ပိုင်းတွင် ခိုလှုံနေသော ယီမင်နိုင်ငံ၏ သမ္မတ Abedrabbo mansourမှ ဧပြီလ (၃)ရက်နေ့တွင် သမ္မတအိမ်တော်အား ပြန်လည် ထိမ်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် စစ်တိုက်ပွဲအတွင်း အနည်းဆုံး လူပေါင်း(၄၄)ဦး သေဆုံးခဲ့ရာ အရပ်သား(၁၈)ဦး ပါဝင်ခဲ့ကြောင်းသိရသည်။
ဘာသာပြန်။ ။ ဇက်(Z)
Ref; CCTVNEWS