တရားမ၀င္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ထိုင္းႏိုင္ငံသားေတြရဲ႕ အလုပ္အကိုင္ကို လုယက္ လုပ္ကိုင္ေနသလို ျဖစ္ေနေၾကာင္း ထိုင္းႏိုင္ငံလက္ေထာက္အလုပ္သမားဝန္ႀကီးဌာနက စက္တင္ဘာလ (၁၃) ရက္ေန႔ အစည္းအေဝးမွာ ေျပာသြားခ်က္ကို ထိုင္းႏိုင္ငံ သတင္းမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။
အလုပ္သမားရွာေဖြေရးဦးစီးဌာနႏွင့္ သက္ဆိုင္ရာဌာနမ်ား ပူးေပါင္းၿပီး အထူးအဖြဲ႕အေနျဖင့္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ၂၀၁၆ ခုႏွစ္ စက္တင္ဘာလမွ ဒီဇင္ဘာလအထိ လိုက္လံစစ္ေဆး ဖမ္းဆီးသြားမွာျဖစ္ၿပီး တစ္လလွ်င္ (၅)ႀကိမ္ စစ္ေဆးဖမ္းဆီးမယ္လို႔ သိရပါတယ္။
ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားဒီမိုကေရစီေကာင္စီ(NCPO)မွ ထုတ္ျပန္ထားေသာ စာအမွတ္ ၁၀၀/၂၅၅၇ နဲ႔ ၁၀၁/၂၅၅၇ အရ အျမန္ဆံုးေဆာင္ရြက္သြားမည္ျဖစ္ပါတယ္။
၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလအထိ အထူးအဖြဲ႕(၆)ဖြဲ႕ျဖင့္လည္း ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ လူကုန္ကူးတိုက္ဖ်က္ေရးေကာင္စီ ေခါင္းစဥ္ေအာက္တြင္ ရက္ရွည္ စစ္ေဆးဖမ္းစီးအေရးယူမႈမ်ား လုပ္သြားမယ္လို႔ သိရပါတယ္။
အလုပ္သမားမ်ားကို ဥပေဒအရ မွန္မွန္ကန္ကန္ စစ္ေဆးႏိုင္ရန္ ၂၀၁၇ ခုႏွစ္တြင္ အလုပ္သမားရွာေဖြေရး ဦးစီးဌာနမွ သက္ဆိုင္ရာဝန္ထမ္းေပါင္း (၁၀၀) ကို သင္တန္းပို႔ခ်ၿပီး လက္မွတ္ထုတ္ေပးမွာျဖစ္ပါတယ္။
ထိုင္းႏိုင္ငံအတြင္း တရားမဝင္ခိုးဝင္လာေသာ ေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ပိုၿပီးႀကီးၾကပ္စစ္ေဆးရန္ လံုျခံဳေရးအဖြဲ႕ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနကလည္း လုပ္ေဆာင္ဖို႔ ေတာင္းဆိုထားပါတယ္။
၂၀၁၆ ခုႏွစ္ စက္တင္ဘာလ (၉)ရက္ေန႔မွ(၁၁)ရက္ေန႔ထိ နယ္စပ္တေလွ်ာက္တြင္ တရားမဝင္ေရႊ႕ေျပာင္း အလုပ္သမားေပါင္း(၂၉၇)ဦး ဖမ္းဆီးရမိေၾကာင္း သိရပါတယ္။
ဘာသာျပန္ - နန္းေမာက္ကြမ္
Ref; matichon.co.th
အလုပ်သမားရှာဖွေရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး အထူးအဖွဲ့အနဖြေင့် ရွှေ့ပြောင်းအလုပ်သမားများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လိုက်လံစစ်ဆေး ဖမ်းဆီးသွားမှာဖြစ်ပြီး တစ်လလျှင် (၅)ကြိမ် စစ်ဆေးဖမ်းဆီးမယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးနှင့် အမျိုးသားဒီမိုကရေစီကောင်စီ(NCPO)မှ ထုတ်ပြန်ထားသော စာအမှတ် ၁၀၀/၂၅၅ နဲ့ ၁၀၁/၂၅၅၇ အရ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အထူးအဖွဲ့(၆)ဖွဲ့ဖြင့်လည်း ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ လူကုန်ကူးတိုက်ဖျက်ရေးကောင်စီ ခေါင်းစဉ်အောက်တွင် ရက်ရှည် စစ်ဆေးဖမ်းစီးအရေးယူမှုများ လုပ်သွားမယ်လို့ သိရပါတယ်။
အလုပ်သမားများကို ဥပဒေအရ မှန်မှန်ကန်ကန် စစ်ဆေးနိုင်ရန် ၂၀၁၇ ခုနှစ်တွင် အလုပ်သမားရှာဖွေရေး ဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းပေါင်း (၁၀၀) ကို သင်တန်းပို့ချပြီး လက်မှတ်ထုတ်ပေးမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်ခိုးဝင်လာသော ရွှေ့ပြောင်းအလုပ်သမားများကို ပိုပြီးကြီးကြပ်စစ်ဆေးရန် လုံခြုံရေးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကလည်း လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့မှ(၁၁)ရက်နေ့ထိ နယ်စပ်တလျှောက်တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားပေါင်း(၂၉၇)ဦး ဖမ်းဆီးရမိကြောင်း သိရပါတယ်။
ဘာသာပြန် - နန်းမောက်ကွမ်
Ref; matichon.co.th