တာချီလိတ်မြို့နယ်အတွင်းမှ မဲရုံတည်နေရာများ
တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် မဲရုံပေါင်း (၇၀)ထားရှိရာ တစ်ရပ်ကွက်လျှင် မဲရုံ(၁)၊ မဲရုံ(၂)၊ မဲရုံ(၃)စသည်ဖြင့် ခွဲထားသည့်အတွက် သက်ဆိုင်ရာအလိုက် မဲရုံတည်နေရာများ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့က အသိပေးထားရှိသည်။
တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နှင့် အမှတ်(၂)တို့တွင် မဲရုံ(၇၀)ရှိသည်။
တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)သည် ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က/ခ)၊ မယ်ခေါင်၊ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ် နှင့် ဆေးခမ်းရပ်ကွက်များ အပါအဝင် လွယ်တော်ခမ်း နှင့် ဝမ်လုံးကျေးရွာ အုပ်စုတို့ ပါဝင်သည်။
တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)သည် မိုင်းဖုန်း(က/ခ)၊ မိုင်းကိုး၊ ဖန်မင် နှင့် မိုင်းဟဲ ကျေးရွာအုပ်စုများ၊ တာလေမြို့မှ အမှတ်(၁)(၂)(၃)(၄)ရပ်ကွက်များ၊ နားယောင်း နှင့် မိုင်းလင်း(အရှေ့/အနောက်)ကျေးရွာအုပ်စုများ၊ ကျိုင်းလပ်မြို့မှ အမှတ်(၁)(၂)(၃)ရပ်ကွက်များ၊ နမ့်ခင်း၊ မိုင်းပါလျှိုး နှင့်ကျားခမ်းကျောက် ကျေးရွာအုပ်စုတို့ ပါဝင်သည်။