ကျိုင်းတုံမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၃)ဦးအား ပထမအကြိမ်စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း (၂)ရက်အကြာတွင် ထပ်မံ စစ်ဆေးမည်

ကျိုင်းတုံမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၃)ဦးအား ပထမအကြိမ်စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း (၂)ရက်အကြာတွင် ထပ်မံ စစ်ဆေးမည်
အောက်တိုဘာ 28, 2020
By Tachileik News Agency
ကျိုင်းတုံမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၃)ဦးအား ပထမအကြိမ်စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း (၂)ရက်အကြာတွင် ထပ်မံ စစ်ဆေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် COVID 19 အတည်ပြုလူနာတွေ့ရှိသည့် quarantine center မှ ထိတွေ့သူ (၃၃)ဦးကို ပထမအကြိမ် စစ်ဆေးမှုအတွင်း Negative အဖြေရထားပြီး (၂) ရက်အကြာတွင် ထပ်မံစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
"မနေ့က quarantine center က contact (ထိတွေ့သူ) (၃၃) ယောက်ကို စစ်တာ အားလုံး Negative ပါ။ နောက် (၂)ရက်နေ့ရင် ထပ်စစ်အုံးမှာပါ။ နောက် quarantine က အယောက် (၂၀)ကိုတော့ တောင်ကြီးကို ဒီနေ့ swab ပို့ထားပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများမှ (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အောက်တိုဘာလ (၂၇) ရက်နေ့က ထပ်တိုးသည့် အတည်ပြုလူနာအပါအဝင် စုစုပေါင်း (၁၂)ဦး တွေ့ရသည့်အနက် (၉) ဦးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံ၊ မိုင်းတုံပြည်သူ့ဆေးရုံနှင့် မိုင်းဆတ်ပြည်သူ့ဆေးရုံတို့တွင် ကုသမှုခံယူပြီးနောက် ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ မိုင်းပျဉ်းဆေးရုံနှင့် ကျိုင်းတုံဆေးရုံတို့၌ ကုသမှုခံယူဆဲ (၂)ဦး ကျန်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~