Covid-19 အတည်ပြုလူနာ (၃)ဦး တွေ့ထားရသည့် မိုင်းယန်းမြို့နယ်အတွင်း Covid-19 သတ်မှတ်ချက်များနှင့် ညမထွက်ရ တားမြစ်ထားကြောင်း မြန်မာ - ရှမ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေး
မိုင်းယန်းမြို့နယ်အတွင်း ညစဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း၊ သတ်မှတ်ချိန်အတွင်း ထွက်လိုလျှင် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ ခွင့်ပြုချက်အရမှအပ သွားလာခွင့် မရှိကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများသို့ ပန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများနှင့်အညီ ဂရုစိုက် နေထိုင်သွားကြရန်၊ ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ နေအိမ်ပြင်ပထွက်ရန် ကိစ္စပေါ်ပေါက်ပါက နှာခေါင်းစည်း (mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ သွားလာနေထိုင်ကြရန်၊ မကြာခဏ လက်ဆေးရန် စသည့် အကြောင်းအရာများကို မိုင်းယန်းမြို့ပေါ် (၁၁) ရပ်ကွက် နှင့် မြို့တွင်း လမ်းဆုံများတွင် အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးနေခြင်း ဖြစ်သည်။