စက်တင်ဘာလ(၁၆)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၁၈၅)ဦး ထပ်တိုး

စက်တင်ဘာလ(၁၆)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၁၈၅)ဦး ထပ်တိုး
စက်တင်ဘာ 16, 2020
By Tachileik News Agency
စက်တင်ဘာလ(၁၆)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် Covid-19 အတည်ပြုလူနာ (၁၈၅)ဦး ထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့အတွက် ပထမအသုတ်အဖြစ် ဓါတ်ခွဲနမူနာ (၁,၉၆၅)ခုအား စစ်ဆေးရာ Covid-19 အတည်ပြုသစ် ( ၁၈၅ )ဦး အသစ်ထပ်တိုးကြောင်း ည(၈)နာရီတွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ(၁၅)ရက်နေ့က နှစ်သုတ်ပေါင်း ဓါတ်ခွဲနမူနာ စုစုပေါင်း (၄,၅၉၇)ခုကို စစ်ဆေးခဲ့ပြီး ဖြစ်ရာ အတည်ပြုလူနာ စုစုပေါင်း (၃၃၇)ဦး အသစ်ထပ်တိုးခဲ့ပြီး ယနေ့ အသစ်ထပ်တိုးသည့် (၁၈၅)ဦး အပါအဝင် မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ စုစုပေါင်း ( ၃,၈၂၁)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ကစ၍ စက်တင်ဘာလ(၁၆)ရက်နေ့ ည(၈)နာရီအထိ (၁၆)ရက်အတွင်း၌ သေဆုံးသူ (၃၄)ဦး တိုးလာ၍ ယခင် ပထမအကြိမ် Covid-19 ကာလက သေဆုံးခဲ့သူ (၆)ဦး အပါအဝင် သေဆုံးသူ စုစုပေါင်း (၄၀)ဦးအထိ ရှိနေကြောင်း သိရှိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~