Covid-19 ကူးစက်ခံရသူ (၁၀၀)ဦးတွင် (၉၈)ဦးမှာ ပြည်တွင်းကူးစက်သူများ ဖြစ်နေ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဩဂုတ်လ(၃၁)ရက်နေ့ ညပိုင်းနှင့် စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းအထိ စစ်ဆေးတွေ့ရှိချက်အရ ထုတ်ပြန်လိုက်သည့် Covid-19 အတည်ပြုလူနာ (၁၀၀)ဦးတွင် ပြည်ပပြန်(၂)ဦးသာ ပါဝင်သည်။
အတည်ပြုလူနာ (၁၀၀)ဦးတွင် ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာပြီးရန်ကုန်တိုင်းဒေသကြီးတွင် အသွားအလာကန့်သတ်ထားသူ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးမှ (၄၈)ဦး၊ ရခိုင်ပြည်နယ်မှ (၄၈)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ (၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁)ဦး နှင့် ရုရှားနိုင်ငံက ပြန်လာပြီး နေပြည်တော်တွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး စုစုပေါင်း (၁၀၀)ဦး ဖြစ်ရာ ပြည်ပပြန်(၂)ဦး ပါဝင်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့ ည(၈)နာရီအချိန်က Covid-19 အတည်ပြုလူနာ(၉၅)ဦး နှင့် စက်တင်ဘာလ(၁)ရက်နေ့ နံနက် (၈)နာရီအချိန်က (၅)ဦး စုစုပေါင်း (၁၀၀)ဦီး တွေ့ရှိရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၁)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါငက်း (၈၈၇)ဦး ရှိနေပြီး သေဆုံးသူမှာ (၆)ဦးရှိသည်။
Tachileik News Agency