တာချီလိတ် နှင့် မယ်ဆိုင်အကြား တံတား(၂)မှ အခွန်လျော့ပေးရေး ထိုင်းဘက်က အကြောင်းမပြန်သေး
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ မြန်မာနိုင်ငံတာချီလိတ်မြို့ကို နေ့စဉ်စားသောက်ကုန်တွေ ဝင်ရောက်နေတဲ့အတွက် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်တာတွေမရှိပေမယ့် အမှတ်(၂)တံတားမှာ တစ်ပိုင်တစ်နိုင်တွေကို ထိုင်းဘက်က အခွန်ကောက်ခံမှုတွေရှိနေတဲ့အတွက် COVIDကာလမှာ အခွန်လျော့ချပေးဖို့ ညှိနှိုင်းထားပေမယ့်လည်း ထိုင်းနိုင်ငံဘက်က အကြောင်းပြန်ကြားမှုမရှိသေးဘူးလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ Covid-19 အခြေအနေတွေကြောင့် ၂၀၂၀ ခုနှစ် မတ်လ(၂၃)ရက်နေ့ကစပြီး ယနေ့အထိ တာချီလိတ်နဲ့ မယ်ဆိုင်အကြားက မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ထိုင်းဘက်က စ၍ ပိတ်ထားပေမယ့် နယ်စပ်ကုန်သည်ရေးအတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားကို အကန့်သတ်တွေနဲ့ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း