နယ်စပ်ကုန်သွယ်ရေး အကန့်အသတ်ကြောင့် တာချီလိတ်မြို့ရှိ ဈေးများတွင် ကုန်ဈေးနှုန်း တည်ငြိမ်မှု ရှိ မရှိ လိုက်လံ စစ်ဆေး
Covid-19 ရောဂါကာကွယ်ရေးအတွက် တာချီလိတ်မြို့မှာရှိတဲ့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှာ ကုန်ပစ္စည်းတင်မော်တော်ယာဉ်ကို အကန့်အသတ်နဲ့ ပြေးဆွဲနေတာဖြစ်လို့ ကုန်ဈေးနှုန်းတွေ တည်ငြိမ်မှု ရှိ မရှိကို အဖွဲ့စုံနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်တဲ့အခါမှာ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုတွေ ရှိနေတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
[ ကုန်သယ်ခနှင့် ကုန်ဈေးနှုန်း မြှင့်တင်ခြင်း ရှိပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၏ ဖုန်း 094 2821 9995 သို့ တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။ ]
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း