Covid-19 ကာလအတွင်း မိုင်းယောင်းမြို့ရှိ နေအိမ်များတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန် မျိုးစေ့များ အခမဲ့ ဖြန့်ဖြူး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် Covid-19 ကာလအတွင်း မိသားစု တစ်ပိုင်တစ်နိုင် Home Garden ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့များအား စက်တင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းက အခမဲ့လိုက်လံ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက ဖရုံ၊ ခရမ်း၊ သခွား၊ ဆလတ်၊ နံနံ၊ ကိုက်လံ၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ခရမ်းချဉ်၊ ငရုပ်၊ ပြောင်း၊ ပဲလင်းမြွေ၊ ရုန်းပတီ၊ မုန်ညှင်းအမျိုးမျိုး၊ မုံလာနှင့် အခြားမျိုးစေ့အမျိုးမျိုးကို ဌာနဆိုင်ရာရုံးများ နှင့် ရပ်ကွက်များရှိ ပြည်သူများ၏ နေအိမ်များအရောက် အခမဲ့လိုက်လံ ဖြန့်ဖြူးပေးခြင်း ဖြစ်သည်။
မိုင်းယောင်းမြို့တွင် မိသားစု တစ်ပိုင်တစ်နိုင် Home Garden ဥယျာဉ်ခြံစိုက်ပျိုးနိုင်ရေးအတွက် ဦးစိုင်းထွန်း (Pyi Kyaw Hein Gems Co.,Ltd)မိသားစုက အမျိုးစေ့များကို လှူဒါန်းပေးခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လိုက်လံဖြန့်ဝေပေးခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ