တရုတ်သို့ ကျွဲနွားကောင်ရေ (၅) သန်းအထိ တင်ပို့နိုင်မည်ဖြစ်သော်လည်း COVID ကာအတွင်း အချိန်မီသယ်ယူပို့ဆောင်ရန် အခက်ကြုံနေ

တရုတ်သို့ ကျွဲနွားကောင်ရေ (၅) သန်းအထိ တင်ပို့နိုင်မည်ဖြစ်သော်လည်း COVID ကာအတွင်း အချိန်မီသယ်ယူပို့ဆောင်ရန် အခက်ကြုံနေ
ဇူလိုင် 3, 2020
By Tachileik News Agency
တရုတ်သို့ ကျွဲနွားကောင်ရေ (၅) သန်းအထိ တင်ပို့နိုင်မည်ဖြစ်သော်လည်း COVID ကာအတွင်း အချိန်မီသယ်ယူပို့ဆောင်ရန် အခက်ကြုံနေ

တရုတ်နိုင်ငံမှ တစ်နှစ်လျှင် ကျွဲ၊ နွား အကောင်ရေ (၁) သန်းမှ (၅) သန်းအထိ ဝယ်လိုအားရှိ၍ ဈေးကွက် ခိုင်မာမှု ရှိနေသော်လည်း COVID-19 ကာလ၌ အချိန်မီသယ်ယူပို့ဆောင်ရန် အခက်အခဲနှင့်ကြုံတွေ့နေရ ကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

ကျွန်တော်တို့ ဌာနကနေ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး ပုံစံတွေနဲ့တကွ ဌာနရုံးချုပ်ကိုတင်ရတယ်။ ရုံးချုပ်ကမှ စီးပွားကူးသန်းကိုပို့တယ်။ စီးပွားကူးသန်းကမှ ဘယ်ကုမ္ပဏီက နွားထီးအကောင်တစ်ရာကို တရုတ်နိုင်ငံကို တင်ပို့ခွင့်ပြုလိုက်သည်ဆိုတဲ့ ပါမစ်ချပေးတာ။ ပါမစ်က (၃) လပေးတာပေမဲ့ ကျွန်တော်တို့ဌာနရဲ့ မူထဲမှာကျတော့ အဲဒီပါမစ်ကျပြီးတော့ (၁၀) ရက်အတွင်းမှာ ကွတ်ခိုင်မှာရှိတဲ့ Quarantine ဧရိယာ (ရောဂါထိန်းချုပ်ရေး) ဆီ (၁၀) ရက်အတွင်း ရောက်အောင်သွားရမယ်။ လမ်းမှာ တံတားကျိုးတာတို့ လုံးဝသွားဖို့မဖြစ်နိုင်တဲ့ အခက်အခဲကလွဲလို့ အရောက်သွားရမယ်လို့ပါတယ်။ ပါမစ်ရပြီးရင်တော့ ကုန်သည်က သွားလို့ရတယ်။ ဒီနေ့သွားရင် နောက်နေ့ရောက်ပြီ။ အဲဒီနေရာမှာ ဘာပြဿနာတက်လဲဆိုတော့ တိုင်းအစိုးရအဖွဲ့နဲ့ ညှိရမယ့်ဟာက ငွေသွင်းဖို့အတွက် EC တင်ရတယ်။ EC ခွင့်ပြုမှ ဘဏ်မှာငွေသွားသွင်းရတယ်။ ဒီမှာတင် ရက်က တစ်ပတ် ဆယ်ရက်ကြာနေပြီ

ဟု မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၌ပြောသည်။

တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုမှ ၂၀၂၀ ခုနှစ်၊ ဇွန်လပိုင်းက တစ်နှစ်လျှင် ကျွဲ၊နွားအကောင်ရေ(၁)သန်းမှ (၅) သန်းအထိ ဝယ်ယူရန် ပြည် ထောင်စုဝန်ကြီးထံ ကမ်းလှမ်းမှုရိှထားသဖြင့်  ဈေးကွက်ခိုင်မာစွာရှိနေပြီဖြစ်၍  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် အလားအလာကောင်းများရှိနေသည်ဟု တိုင်းဦးစီးမှူးက ဆိုသည်။

ပြည်ပသို့ တင်ပို့မည့် ကျွဲ၊ နွားများမှာ အသက်(၅)နှစ်အထက်၊ အထီး ဖြစ်ရမည်ဟု သတ်မှတ်ထားကာ  ယခုလက်ရှိ နွားဈေးမှာ နွားထီးတစ်ကောင် အနည်းဆုံး ကျပ် (၅)သိန်းမှ အများဆုံး ကျပ်သိန်း(၂၀) ကျော်အထိရှိနေပြီး မကွေးတိုင်းဒေသကြီးအတွင်း၌ လက်ရှိ ပြည်ပသို့ ကျွဲ၊ နွား တင်ပို့သည့်ကုမ္ပဏီ (၄)ခုရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~