(၇၃) နှစ်မြောက် အာဇာနည်နေ့ကျရောက်မည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်သည့် နံနက် (၁၀) နာရီ (၃၇) မိနစ်တွင် နိုင်ငံတဝှမ်း လမ်းများတွင် သွားလာနေသည့် မော်တော်ယာဉ်အားလုံး ရပ်တန့်ကာ ဟွန်းတီးကြမည်ဖြစ်သည်။
ဒီနှစ်မှာတော့ အခမ်းအနားကျင်းပတာ မလုပ်ပါဘူး။ မနက် (၁၀)နာရီ (၃၇) မိနစ်မှာတော့ လမ်းပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွင် ခေတ္တရပ်ပြီး ဟွန်းတီးကြရမယ်။ ပြည်သူတွေလည်း အားလုံး ခေတ္တငြိမ်သက်ပေးကြပါမယ်
ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူမည်ဖြစ်သည့်အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နံနက် (၁၀) နာရီ (၃၇) မိနစ်၌ သြဥဆွဲအချက်ပေးမည်ဖြစ်သည်။
အဆိုပါ အချက်ပေးချိန်တွင် လမ်းများ၌ သွားလာနေသည့် မော်တော်ယာဉ်အားလုံး ခေတ္တရပ်တန့်ကာ ဟွန်းတီးကြရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency