မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ (၂၆၁)ဦးအနက် သက်သာပျောက်ကင်းရန် (၈၈)ဦးကျန်

မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ (၂၆၁)ဦးအနက် သက်သာပျောက်ကင်းရန် (၈၈)ဦးကျန်
ဇွန် 14, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ (၂၆၁)ဦးအနက် သက်သာပျောက်ကင်းရန် (၈၈)ဦးကျန်

မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ (၂၆၁)ဦးအနက် (၆)ဦးသေဆုံးပြီး (၁၆၇)ဦးမှာ ရောဂါပိုးကင်းစင်ပြီဖြစ်သည့်အတွက် သက်သာပျောက်ကင်းရန် (၈၈)ဦးသာ ကျန်တော့ကြောင်း ၂၀၂၀ခုနှစ် ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဇွန်လ(၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ ဓါတ်ခွဲစစ်ဆေးခဲ့ပြီးသည့် ဓါတ်ခွဲနမူနာ စုစုပေါင်းမှာ (၄၅,၉၂၆)ခုရှိခဲ့ပြီး စောင့်ကြည့်သံသယလူနာ (၅,၄၀၃)ဦး ရှိခဲ့ကြောင်း သိရသည်။

ကူးစက်ခံရသူ အများဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ (၂၀၁)ဦးအထိ ရှိနေပြီး ရှမ်းပြည်နယ်မှ(၁၀)ဦး၊ ချင်းပြည်နယ်မှ (၁၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မှ(၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၈)ဦး၊ ရခိုင်ပြည်နယ် မှ (၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ ကချင်ပြည်နယ်မှ (၂)ဦး၊ ကရင်ပြည်နယ်မှ (၂)ဦး၊ နေပြည်တော်မှ (၂)ဦး၊ မွန်ပြည်နယ်မှ (၁)ဦး နှင့် တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး စုစုပေါင်း (၂၆၁)ဦး ရှိနေပြီ ဖြစ်သည်။

နိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များထဲတွင် Covid-19 ကူးစက်ခံရသူ မတွေ့ရှိသေးသည့် ဒေသမှာ ကယားပြည်နယ်တစ်ခုတည်းသာ ဖြစ်သည်။

 Covid-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၄)နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်(၂၈)တွင်ရှိကြောင်း GCI အချက်အလက်စုဆောင်းရေး ဝဘ်ဆိုဒ်ကလည်း ဖော်ပြထားရှိသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~