တာချီလိတ်တွင် မဖြစ်မနေ အပြင်မထွက်ရန် နှင့် အပြင်ထွက်လျှင် mask တပ်ရန် နေရာများခွဲ၍ သတိပေးနေ

တာချီလိတ်တွင် မဖြစ်မနေ အပြင်မထွက်ရန် နှင့် အပြင်ထွက်လျှင် mask တပ်ရန် နေရာများခွဲ၍ သတိပေးနေ
ဧပြီ 16, 2020
By Tachileik News Agency

တာချီလိတ်တွင် မဖြစ်မနေ အပြင်မထွက်ရန် နှင့် အပြင်ထွက်လျှင် mask တပ်ရန် နေရာများခွဲ၍ သတိပေးနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် မလိုအပ်ဘဲ အိမ်ပြင်ထွက် သွားလာခြင်း မပြုရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန် သတိပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အချိန်များခွဲကာ  မြို့တွင်းနေရာ (၃)ခု၌ ဆောင်ရွက်ကြသည်။

တာချီလိတ်မြို့တွင်းရှိလမ်းဆုံနေရာများတွင်  စုပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ကြခြင်းဖြစ်သည်။

တာချီလိတ်တွင်  မလိုအပ်ဘဲ အိမ်ပြင်ထွက် သွားလာခြင်း နှင့် mask မတပ်ဘဲ သွားလာခြင်းများ မပြုလုပ်ရန် ဧပြီလ(၁၄)ရက်နေ့က စ၍ တားမြစ်အသိပေးမှုများ ဆောင်ရွက်နေခြင်း ဖြစ်ပြီး အသိပေးခြင်းများကို လိုက်နာမှု အားနည်ပါက နောက်ပိုင်းများတွင် တင်းကြပ်သည့် စည်းကမ်းများထုတ်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီထံက သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်အထိ COVID 19 အတည်ပြုလူနာ (၈၅)ဦးရှိနေပြီး ယင်းတို့အနက် (၃)ဦးမှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~