COVID 19 ကူးစက်ခံရသူ (၈၅)ဦးရှိလာပြီးနောက် လူ (၅)ဦးအထိ စုဝေးခြင်းကို တားမြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
အဆိုပါ အမိန့်ညွှန်ကြားချက်အား လိုက်နာခြင်း မရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ ပြန်ခြင်း၊ ကုမ္ပဏီစက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း/ ပြန်ခြင်း၊ ခွင့်ပြုချက်ရရှိထားသည့် ဈေး/ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း၊ ခွင့်ပြုချက်ရရှိထားသည့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တရားစီရင်ရေး ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နှင့် အညီ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးအရ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်းနှင့် နာရေးကိစ္စဆောင်ရွက်ခြင်း ဖော်ပြပါ ကိစ္စရပ်များမှအပ လူ (၅)ဦး အထိဖြစ်စေ၊ (၅)ဦးထက်ကျော်၍ဖြစ်စေ စုစည်းခွင့် မရှိကြောင်း သိရသည်။
Tachileik News Agency