ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပုံနှင့်ပတ်သက်၍ UNICEF အမည်အသုံးပြုကာ သတင်းမှားများ ဖြန့်နေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပုံနှင့်ပတ်သက်၍ UNICEF အမည်အသုံးပြုကာ သတင်းမှားများ ဖြန့်နေ
မတ် 5, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပုံနှင့်ပတ်သက်၍ UNICEF အမည်အသုံးပြုကာ သတင်းမှားများ ဖြန့်နေ

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်၁၉) ကူးစက်ပုံနှင့်ပတ်သက်၍ UNICEF မှထုတ်ပြန်သည်ဟု သတင်းမှားများ ဖြန့်နေသဖြင့် သတင်းမှားအန္တရာယ်သတိပေးချကကို UNICEF Myanmar က ၂၀၂၀ ခုနှစ် မတ်လ (၅)ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် ၁၉) ကူးစက်ပျံ့နှံ့ပုံနှင့် ကာကွယ်ပုံများအကြောင်းကို UNICEF (ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့) အမည်ကိုအသုံးပြု၍ ဖြန့်နေသည့် သတင်းမှားကို တစ်ဆင့်ကူးယူဖြန့်ဝေသူအများအပြားရှိနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းအန္တရာယ်မှ လျော့နည်းစေရန် UNICEF အကြံပေးချက်ကို https://www.unicef.org/myanmar/stories/novel-coronavirus နှင့် ကလေးငယ်များအတွက် မိဘများသိထားသင့်သည့်အချက်များကို https://uni.cf/2Tqwllk တို့တွင် ဖေါ်ပြထားသည်ဟု UNICEF Myanmar က အသိပေးကြေညာထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ လျော့နည်းစေရန် လက်ကို ရေများများဆေးရန်၊ ဆပ်ပြာသို့မဟုတ် လက်သန့်စင်ဆေးရည် အသုံးပြုရန်၊ ချောင်းဆိုး နှာချေချိန်တွင် နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ရန်၊ အအေးမိနှာစေးသူ သို့မဟုတ်တုပ်ကွေးမိဖျားနာသည့် လက္ခဏာရှိသူတို့နှင့် အနီးကပ်နေထိုင်းခြင်းမှ ရှောင်ကြဉ်ရန်၊ အဖျားရှိခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှုရန်ခက်ခဲခြင်းကြုံပါက နီးစပ်ရာ ဆရာဝန်ထံ ပြသရန်၊ တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် ၎င်းတို့ရှိရာနေရာ၊ ပစ္စည်းများ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန် သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~