ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တက္ကသိုလ် ရာပြည့် တရားပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တက္ကသိုလ် ရာပြည့် တရားပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
မတ် 5, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တက္ကသိုလ် ရာပြည့် တရားပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

နိုင်ငံအနှံ့အပြား နှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသည့် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်(COVID - 19 ) ကြောင့် ရန်ကုန်တက္ကသိုလ်ရာပြည့် တရားပွဲအား  ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး နှင့် ဆရာ၊ ဆရာမများသမဂ္ဂတို့ ပူးပေါင်းကာ ၂၀၂၀ခုနှစ် မတ်လ(၇)ရက်နေ့မှ မတ်လ(၉)ရက်နေ့အထိ (၃)ရက်တိုင်တိုင်  ရာပြည့်ဓမ္မသဘင်အား ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင် သစ်ပုတ်ပင်မြက်ခင်းပြင်ရှေ့တွင် ကျင်းပရန်အတွက် စီစဉ်ထားရှိရာမှ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်းကို ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ပြောကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ရာပြည့်တရားပွဲ ကျင်းပရန်အတွက် လှူဒါန်းထားသည့် အလှူငွေများ နှင့် အလှူပစ္စည်းများအား ဘဏ္ဍာရေး ကော်မတီမှ  ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး  ရာပြည့်တရားပွဲ ပြန်လည်ကျင်းပမည့် အချိန်တွင် လှူဒါန်းပေး မည်ဖြစ်ကြောင်း နှင့် ရာပြည့်တရားပွဲ ပြန်လည်ကျင်းပမည့် နေ့ရက်အား အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လူစုလူဝေး မပြုလုပ်ရန် နှင့် ပွဲလမ်းသဘင်များ ရှောင်ရှားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးထားရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနက ဝန်ကြီးဌာနလက်အောက်ရှိ ရုံးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ နှင့် ကျောင်းများတွင် အထိမ်းအမှတ်ပွဲများ၊ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ စသည့် ပွဲလမ်းသဘင်နှင့် အခမ်းအနားများ ကျင်းပလျှင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စများကိုသာ စိစစ်ဆောင်ရွက်ရန် နှင့် မဖြစ်မနေ ဆောင်ရွက်ရမည်ဆိုပါက လိုအပ်သည့် အင်အားကိုသာ စိစစ်ခွင့်ပြုရန်၊ ကျင်းပချိန် လျှော့ချရန် နှင့် ရက်ရွှေ့ဆိုင်းနိုင်လျှင်လည်း ရက်ရွှေ့ဆိုင်းရန် ၂၀၂၀ခုနှစ် မတ်လ(၃)ရက်နေ့ ရက်စွဲဖြင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~