တာချီလိတ်မြို့တွင်း လမ်းဘေးက ဓါတ်ဆီဆိုင်ငယ်များကို စစ်ဆေးအရေးယူမည်

တာချီလိတ်မြို့တွင်း လမ်းဘေးက ဓါတ်ဆီဆိုင်ငယ်များကို စစ်ဆေးအရေးယူမည်
မတ် 6, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း လမ်းဘေးက ဓါတ်ဆီဆိုင်ငယ်များကို စစ်ဆေးအရေးယူမည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်က လမ်းမတွေဘေးမှာ ရောင်းချနေတဲ့ တနိုင်တပိုင်စက်သုံးဆီဆိုင်တွေကို တရားဝင်ခွင့်ပြုချက်ပေးထားတာ မရှိတဲ့အတွက် စစ်ဆေးအရေးယူမှုတွေလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန့်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(ကျိုင်းတုံ)မှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်က ပြောပါတယ်။

လမ်းဘေး နဲ့ လမ်းကြိုလမ်းကြားက ဓါတ်ဆီအရောင်းဆိုင်ငယ်တွေကို ဥပဒေတွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေလုပ်ဆောင်ပြီးမှ စည်းကမ်းတကျ ထိန်းကျောင်းမှုတွေလုပ်ဆောင်ရမှာဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

နေအိမ်သုံး၊ လုပ်ငန်းသုံးအတွက် စက်သုံးဆီ သိုလှောင်ထားရှိသူများအနေနဲ့ (၆)ဂါလံအထိသာ ခွင့်ပြုထားပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပါက မြန့်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းထံ လိုင်စင်လျှောက်ထားဖို့ လိုအပ်သလို တာချီလိတ်မြို့တွင်း လမ်းမတွေဘေးက ကုန်စုံဆိုင်တွေ ကွမ်းယာဆိုင်တွေမှာ ဘူးငယ်တွေနဲ့ စက်သုံးဆီရောင်းချနေတာတွေက မီးဘေးအန္တရာယ်စိုးရိမ်ရလို့ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်းစိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~