ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် (၉၂)ဦးထဲက COVID-19 စောင့်ကြည့်သံသယ လူနာ(၁၁)ဦးကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား
ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၉၂)ဦးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါဝင်လာသည်ကို စစ်ဆေးတွေ့ရှိရသည့် အတွက် တာချီလိတ်တွင် COVID-19 စောင့်ကြည့်သံသယ လူနာအဖြစ် သတ်မှတ်လိုက်ပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ထားရှိကာ စောင့်ကြည့်ကုသနေလျက်ရှိသည်။
နေမကောင်းသည့် လက္ခဏာမပြသည့် ကျန်(၈၁)ဦးအား တာချီလလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၃၄၈)တွင် (၁၄)ရက်စောင့်ကြည့်ကာ ထားရှိပြီး ကျန်းမာရေးက စစ်ဆေးမှုများ ပြုလုပ်ကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
ဆက်စပ်သတင်း