တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုနှင့် အခြားနိုင်ငံပေါင်း (၇၀) တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၃) ရက်နေ့ နံနက် (၁၁)နာရီအချိန်ထိ John Hopkins CSSE ၏ စာရင်းအရ COVID 19 အတည်ပြုလူနာ (၉၀, ၉၃၆) ဦးအနက် သေဆုံးသူ (၃,၁၁၇) ဦး ရှိနေသည်ကို တွေ့ရပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ တွေ့ရခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ခုနှစ် မတ်လ (၂)ရက်နေ့ ည (၈)နာရီအချိန်ထိ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ( COVID 19 )စောင့်ကြည့်လူနာပေါင်း (၄၈)ဦးနှင့် သံသယလူနာ (၂)ဦးရှိခဲ့သည့်အနက် (၄၅) ဦးတွင် COVID 19 ကူးစက်ခံရခြင်း မရှိကြောင်း ဓါတ်ခွဲအဖြေရထားပြီး ဓါတ်ခွဲခန်းအဖြေစောင့်နေသည့် (၅)ဦးရှိနေခြင်းဖြစ်သည်။
နိုင်ငံတကာအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်(COVID 19)ကူးစက်ခံထားရသည့် အတည်ပြုလူနာများကို တရုတ်ပြည်မကြီး၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ စင်္ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ဟောင်ကောင်၊ ကူဝိတ်၊ ဘာရိန်း၊ ထိုင်း၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်၊ သြစတေးလျ၊ မလေးရှား၊ ကနေဒါ၊ အီရတ်၊ နော်ဝေ၊ အာရပ်စော်ဘွားများနိုင်ငံ၊ နယ်သာလန်၊ သြစတြီးယား၊ ဗီယက်နမ်၊ ဆွီဒင်၊ လက်ဘနွန်၊ အစ္စရေး၊ မကာအို၊ အိုက်စ်လန်၊ ဘယ်လ်ဂျီယံ၊ ဆန်မာရီနို၊ ကာတာ၊ ခရိုအေးရှား၊ ဂရိ၊ အီကွေဒေါ၊ အိုမန်၊ ဖင်လန်၊ အယ်လ်ဂျေးရီးယား၊ မက္ကဆီကို၊ အိန္ဒိယ၊ ချက်၊ ဒိန်းမတ်၊ ပါကစ္စတန်၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင်၊ ရုရှား၊ ရိုမေးနီးယား၊ အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အီဂျစ်၊ အာဖဂန်နစ္စတန်၊ နီပေါ၊ လစ်သူရေးနီးယား၊ ကမ္ဘောဒီးယား၊ အန်ဒိုယာ၊ ဆော်ဒီအာရေးဘီးယား၊ အိုင်ယာလန်၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ အာမေးနီးယား၊ ဒိုမီနီကန်၊ အက်စ်တိုနီးယား၊ မြောက် မက်ဆီဒိုးနီးယား၊ မော်ရိုကို၊ လူဇင်ဘတ်၊ မိုနာကို၊ ဘယ်လာရုစ်၊ နယူးဇီလန်၊ လာ့ဗီးယားနှင့် သီရိလင်္ကာတို့တွင် တွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency