မြဝတီတွင် BGF က ဖမ်းဆီးထားသည့် Frontier Myanmar သတင်းထောက် ပြန်လွတ်

မြဝတီတွင် BGF က ဖမ်းဆီးထားသည့် Frontier Myanmar သတင်းထောက် ပြန်လွတ်
မတ် 5, 2020
By Tachileik News Agency
မြဝတီတွင် BGF က ဖမ်းဆီးထားသည့် Frontier Myanmar သတင်းထောက် ပြန်လွတ်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်  BGF က ဖမ်းဆီးထားသည့် Frontier Myanmar သတင်းထောက် နော်ဘတ်တီဟန်မှာ နာရီပိုင်းအတွင်း ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

အခုပဲ Frontier Myanmar ဦးဆန်နီဆွေပြောတာက နော်ဘက်တီဟန် ပြန်လွတ်လာပြီလို့ပြောတယ်။ တိုက်ရိုက်တော့ စကားမပြောရသေးဘူး။ ပြန်လွတ်တယ်ဆိုတာ BGF ဘက်ကနေ ပြန်ခေါ်လာပြီပေါ့။ ဝန်ကြီးချုပ်နဲ့ တွေ့ပေးဖို့လည်း ရှိသေးတယ်ပြောတယ်။ သူနဲ့အတူ တစ်ခြားတိုက်က ဓါတ်ပုံသတင်းထောက် တစ်ယောက်ပါတယ်လို့ ပြောကြပေမဲ့ သူ့သတင်းတိုက်ကလည်း ဆက်သွယ်လာတာမရှိဘူး။ သတင်းဌာနက Assign ပေးထားတာလား သူ့ဘာသာ သွားတာလား ဘာမှ မသိရသေးဘူး။ အတည်ပြုလို့ရတာကတော့ နော်ဘက်တီဟန်တစ်ယောက်ပဲ

ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ညနေ (၅)နာရီ (၄၁)မိနစ်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါသတင်းထောက်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့ ညနေ (၄) နာရီ  မိနစ် (၂၀)ခန့်တွင် BGF က ဖမ်းဆီးထား၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ထားခြင်းဖြစ်သည်။

ကောင်စီက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီးကို လှမ်းဆက်သွယ်ထားတယ်။ တပ်ဖက်က သတင်းမှန် ထုတ်ပြန်ရေးဘက်က ဗိုလ်ချုပ်ထွန်းထွန်းညီတို့၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ သူတို့ကိုလည်း လှမ်းပြီးတော့ ဆက်သွယ်ပြီး အကူအညီတောင်းထားတယ်ဆိုတော့ သူတို့လည်း ကရင်ပြည်နယ်ကို ဆက်သွယ်တယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း BGF ဘက်ကို ဆက်သွယ်တယ်လို့ သိရတယ်။ ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီး ပြောတာတော့ သူတို့တပ်စိတ်တစ်စိတ်သွားပြီးတော့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ (၁) နာရီခွဲဝန်းကျင်လောက်ကပေါ့။ ပြဿနာတော့ ပြေလည်သွားမယ်လို့ မျှော်လင့်တာပေါ့

ဟု  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၅) ရက်နေ့ ညနေ (၅) နာရီတွင် ပြောခဲ့သည်။

Frontier Myanmar မှ သတင်းထောက် နော်ဘက်တီဟန်မှာ BGF ဂိတ် (၁) အနီး အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်ုပ်တို့ သတင်းဌာနမှ သတင်းထောက် နော်ဘတ်တီဟန်ကို ထိန်းသိမ်းထားသည့် နေရာ၊ အခြေအနေနှင့် ပတ်သက်၍ သတင်းအချက်အလက် အချို့ရရှိခဲ့ပါသည်။ သူ့ကို ယနေ့ညနေ (မကြာမီ) တွင် ပြန်လွှတ်ပေးမည်ဟုလည်း စုံစမ်းသိရှိရပါသည်။ ကျွန်ုပ်တို့၏ သတင်းထောက် အထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ စာနာထောက်ထားကြောင်း ထုတ်ဖော်ပြောဆိုသူများကို ကျေးဇူးတင်ရှိပါသည်။ ထပ်မံရရှိလာသည့် သတင်းအချက်အလက်များကိုလည်း ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်

ဟု Frontier Myanmar သတင်းဌာနက ညနေ (၅)နာရီ (၁၈)မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာနည်းဥပဒေ ၂၀ (ဂ) တွင် “သတင်းမီဒီယာသမားများ၏ ဥပဒေနှင့်အညီ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးက စွက်ဖက် နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်ပါက အဆိုပါပြုမူမှုကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း” ဟူ၍ ပါရှိသည့်အတိုင်း Frontier Myanmar သတင်းထောက် နော်ဘတ်တီဟန်အား အမြန်ဆုံးပြန်လည် လွှတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်နေမှုကို သတင်းထုတ်ပြန်ပေးမည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဖေါ်ပြထားသည်။

Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~