မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၆)နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၆)နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၆)နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၆)နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်လိုက်ရာ
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံသားများအတွက် ရွှေ့ပြောင်းအခြေစိုက် ပြည်ဝင်ခွင့်ဗီဇာ နှင့် ဒီဗီဗီဇာများ ထုတ်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။

နောက်ကြောင်းရာဇဝင်စုံစမ်းခြင်း နှင့် ဝင်ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်မြှင့်တင်မှုဆိုင်ရာ ကြေညာချက်တစ်စောင် (Proclamation on Improving Enhanced Vetting Capabilities and Processes for Detecting Attempted Entry) ကို အမေရိကန်သမ္မတက ဇန်နဝါရီလ (၃၁)ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ  ကြေညာချက်မှာ အမေရိကန်ပြည်ထောင်စုသို့ ကျောင်းတက်ရန်၊ အလည်အပတ်သွားရန် သို့မဟုတ် စီးပွားရေးကိစ္စသွားရန် အပါအဝင် မြန်မာနိုင်ငံသားများအတွက် အခြေမစိုက်ဗီဇာ ထုတ်ပေးခြင်းအပေါ် သက်ရောက်မည် မဟုတ်ကြောင်း သိရပြီး ရရှိထားပြီးဖြစ်သည့် ပြည်ဝင်ခွင့်ဗီဇာများအပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပါအဝင် အီရစ်ထရီးယား၊ ကာဇက်စတန်၊ နိုင်ဂျီးရီးယားနှင့် တန်ဇေးနီးယား စသည်နိုင်ငံများကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~