ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်
ဝူဟန်အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အဖြစ် ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တပ်မတော်ဆေးကုသရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ကား၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကိုပါ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် စစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။