ကော်ရိုနာဗိုင်းရပ်စ် အမြင့်ဆုံးသတိပေးချက်ထုတ်ထားရသည့် တောင်ကိုရီးယားတွင် နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ သံရုံးမလာဘဲ ဆောင်ရွက်နိုင်ရန် မြန်မာသံရုံးစီစဉ်

ကော်ရိုနာဗိုင်းရပ်စ် အမြင့်ဆုံးသတိပေးချက်ထုတ်ထားရသည့် တောင်ကိုရီးယားတွင် နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ သံရုံးမလာဘဲ ဆောင်ရွက်နိုင်ရန် မြန်မာသံရုံးစီစဉ်
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency

ကော်ရိုနာဗိုင်းရပ်စ် အမြင့်ဆုံးသတိပေးချက်ထုတ်ထားရသည့် တောင်ကိုရီးယားတွင် နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ သံရုံးမလာဘဲ ဆောင်ရွက်နိုင်ရန် မြန်မာသံရုံးစီစဉ်

ကော်ရိုနာဗိုင်းရပ်စ် အမြင့်ဆုံးသတိပေးချက် ထုတ်ထားရသည့် တောင်ကိုရီးယားနိုင်ငံတွင် မြန်မာ နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့မှစ၍ သံရုံးသို့ ကိုယ်တိုင်လာရောက်ရန်မလိုဘဲ ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်မှု ထိန်းချုပ်နိုင်သည့်အခြေအနေထိ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များအား စာတိုက်မှတစ်ဆင့် လိုအပ်သည့် အထောက်အထား အပြည့်အစုံဖြင့် လျှောက်ထားနိုင်ကြမည်ဖြစ်ကာ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတွင် လူကိုယ်တိုင်လာရောက်ဆောင်ရွက်ခြင်းများအား နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားခြင်းနှင့် ထောက်ခံချက်ပြုလုပ်ခြင်းများအတွက် မြန်မာသံရုံးသို့ လိုအပ်သည့်အချက်အလက်အပြည့်အစုံကို စာတိုက်မှပေးပို့ လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးမှ ယင်းကဲ့သို့ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ အခကြေးငွေယူ၍ တစ်ဆင့်ခံဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန်နှင့် စိစစ်တွေ့ရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မည်ဟု ဖေါ်ပြထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင်း ကူးစက်ပျံ့ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှု မြင့်တက်နေရာ အခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၈၃၃)ဦးနှင့် သေဆုံးသူ (၇)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း ရောဂါကူးစက်ခံရသူအရေအတွက် လျင်မြန်စွာတိုးလာသည့်အတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့၌ တစ်နိုင်ငံလုံးကို အနီရောင်အဆင့် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~