ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် တာလေမြို့ရှိ မအန်ခန်းကျောင်းတိုက်တွင် စုပေါင်းလှူ

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် တာလေမြို့ရှိ မအန်ခန်းကျောင်းတိုက်တွင် စုပေါင်းလှူ
ဖေဖော်ဝါရီ 3, 2020
By Tachileik News Agency

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် တာလေမြို့ရှိ မအန်ခန်းကျောင်းတိုက်တွင်  စုပေါင်းလှူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုမှာရှိတဲ့ မအန်ခန်ကျေးရွာက မအန်ခန်းကျောင်းတိုက်အတွင်း အလှူရှင်များ စုပေါင်း လှူဒါန်းမှူကြောင့် ဆောက်လုပ်ပြီးစီးသွားတဲ့ သာသနိက အဆောက်အဦးတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က ရေစက်သွန်းချလှူဒါန်းပွဲ ကျင်းပခဲ့ပါတယ်။

မအန်ခန်ကျောင်းတိုက်မုဒ်ဦး၊ သံဃာတော်တိုက်နဲ့ ဓမ္မာရုံတွေ ဆောက်လုပ်ပြီးစီးသွားလို့ တာချီလိတ်မြို့က နှစ်ဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်အပါအဝင် ပင့်သံဃာ အပါး (၇၀) ကျော်ကို ပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထုတွေဆပ်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေခဲ့ကြပါတယ်။

အခုလို ရေစက်ချနိုင်ခဲ့လို့ ဝမ်းသာသလို အလှူရှင်တွေကို ကျေးဇူးတင်တယ်လို့ မအန်ခန်ကျောင်းတိုက်ရဲ ကျောင်းထိုင်ဆရာတော် ဦးဇောတိက က မိန့်ကြားပါတယ်။

သာသနိကအဆောက်အဦး (၃) ခုကို စုပေါင်းလှူဒါန်းဆောက်လုပ်ခဲ့တာလို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိုင်းနွံ့က ပြောပါတယ်။

ရေစက်ချပွဲကို ခမ်းခမ်းနားနားလုပ်ဆောင်လိုက်ရတဲ့အတွက် ဝမ်းသာသလို အလှူရှင်တွေကို အထူးကျေးဇူးတင်တယ်လို့ ဦးစိုင်းနွံ့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ (၂၄) ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ တာလေငလျှင်ကြောင့် မအန်ခန်ကျေးရွာရှိ မအန်ခန်ကျောင်းတိုက်မှ သာသနိကအဆောက်အဦးများ ပြိုကျပျက်စီးခဲ့လို့ ဦးဖရန်စစ် စိုင်းထွန်းရီ နဲ့ ဒေါ်မာဒလေးနာနန်းဝိုးကျန် မိသားစုက ဦးဆောင်ကာ ရပ်နီး ရပ်ဝေးကအလှူရှင်တွေ အပါအဝင် ရွာသူ၊ ရွာသားတွေရဲ့ ပူးပေါင်းမှုနဲ့ (၈) နှစ်ကြာတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ 

မအန်ခန်ကျောင်းတိုက် သာသနိကအဆောက်အဦးများ ရေစက်သွန်းချ အလှူကို စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး အပါအဝင် တာချီလိတ်၊ ရန်ကုန်၊ မန္တလေးနဲ့ ရပ်နီး ရပ်ဝေးက ဖိတ်ကြားထားသူတွေ၊ အလှူရှင်တွေနဲ့ ရွာသူ ရွာသားတွေ တက်ရောက်ခဲ့ကြပါတယ်။

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~