အနောက်တိုင်းဆေးဝါးရောနှော ပါဝင်နေပြီး မှတ်ပုံတင် မထားသည့် တိုင်းရင်းဆေးဝါးနှစ်မျိုးကို သုံးစွဲရန် မသင့်ကြောင်း အသိပေး

အနောက်တိုင်းဆေးဝါးရောနှော ပါဝင်နေပြီး မှတ်ပုံတင် မထားသည့် တိုင်းရင်းဆေးဝါးနှစ်မျိုးကို သုံးစွဲရန် မသင့်ကြောင်း အသိပေး
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency

အနောက်တိုင်းဆေးဝါးရောနှော ပါဝင်နေပြီး မှတ်ပုံတင် မထားသည့် တိုင်းရင်းဆေးဝါးနှစ်မျိုးကို သုံးစွဲရန် မသင့်ကြောင်း အသိပေး

ဈေးကွက်အတွင်း ရောက်ရှိနေသည့် တိုင်းရင်းဆေးဝါးများအနက် အနောက်တိုင်းဆေး ရောနှောထားပြီး မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါး နှစ်မျိုးကို အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနက အသိပေးထုတ်ပြန်ထားရှိသည်။

FTK အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် အဆစ်အမြစ်၊ ထုံကျဉ်၊ အကိုက်အခဲသောက်ဆေး နှင့် တိုက်ကြက် အမှတ်တံဆိပ် အဆစ်ရောင်ရောဂါသောက်ဆေးတိုသည် အနောက်တိုင်းဆေးဝါးများ ရောနှောထားသော ဆေးဝါးများ ဖြစ်၍ အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ ဆေးများသည် အနောက်တိုင်းဆေးများဖြစ်သည့် Paracetamol ၊ Mefenamic acid၊  Diclofenac များ ရောနှောပါဝင်နေသည့်အတွက် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

တိုင်းရင်းဆေးဝါးထုတ်လုပ် ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝ မပြုလုပ်ရန် တားမြစ်ထားပြီး တားမြစ်ချက်ကို လိုက်နာခြင်း မရှိသူများအား တိုင်းရင်းဆေးဝါး ဥပဒေပုဒ်(၃၁)၊(၃၂)အရ တရားစွဲဆိုကာ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~