အလှူမှ ဧည့်ခံသည့် ထမင်း၊ဟင်းကြောင့် ဆရာတော် (၂) ပါးအပါအဝင် စုစုပေါင်း (၁၉၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

အလှူမှ ဧည့်ခံသည့် ထမင်း၊ဟင်းကြောင့် ဆရာတော် (၂) ပါးအပါအဝင် စုစုပေါင်း (၁၉၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
ဖေဖော်ဝါရီ 13, 2020
By 🌸

အလှူမှ ဧည့်ခံသည့် ထမင်း၊ဟင်းကြောင့် ဆရာတော် (၂) ပါးအပါအဝင် စုစုပေါင်း (၁၉၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ စာတတ်ကူကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က  အလှူမှကျွေးမွေးသည့် ထမင်းဟင်းစားသူ (၁၉၀)ကျော် အစာအဆိပ်သင့်၍  ဆေးကုသမှုခံယူနေရသည်။

“အလှူကကျွေးတဲ့ ထမင်း၊ဟင်းစားခဲ့သူတွေ ဝမ်းလျှောပြီး အန်တယ်။ ဆေးရုံကို လူနာ (၅) ယောက် ရောက် သွားတယ်။ ဒီလိုဆိုတော့ ထူးခြားနေပြီဆိုပြီး စာသင်ကျောင်းထဲမှာ ဆေးခန်းဖွင့်လိုက်တယ်။ ကုသမှုပေးနေတာကို ရွာသူရွာသားတွေသိရှိအောင် အသံချဲ့စက်နဲ့ အသိပေးပါတယ်။ အသက်အရွယ်ကတော့ အစုံပါပဲ။ အစာအဆိပ်သင့်တယ်ဆိုတဲ့သဘောက အစာ စားပြီး (၉) နာရီအတွင်းမှာ ဖြစ်တာ။ နည်းနည်းဆိုးတဲ့သူတွေကျတော့ ဆေးရုံကို လွဲှလိုက်တယ်”

ဟု ဇင်ပြွန်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သာယာကုန်းကျေးရွာအုပ်စု၊ စာတတ်ကူကျေးရွာအလှူတစ်ခုတွင် ပုစွန်ခြောက်ကြော်၊ ပဲဟင်း၊ ပဲချဉ်၊ ငရုတ်သီးကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ရာ စားသုံးခဲ့သူများ အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ပဒါန်းတိုက်နယ် ဆေးရုံတွင် အတွင်းလူနာနှင့် အပြင်လူနာ(၅၁)ဦး၊ စာတတ်ကူကျေးရွာစာသင်ကျောင်း၌ (၁၄၀)ကျော် ဆေးကုသမှုခံယူရကြောင်း သိရသည်။

အစာအဆိပ်သင့်သူများတွင် ပြန်ကြည့်ကျေးရွာ ကျောင်းထိုင်ဆရာတော်နှင့် စာတတ်ကူကျေးရွာမှ ခန်းနေဆရာတော်တို့လည်း ပါဝင်ကြောင်း သာယာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဝင်းမြင့်၏ ပြောကြားချက်အရ သိရပြီး လတ်တလော စိုးရိမ်ရသည့်အခြေအနေတွင် မရှိဟု သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ဖဝေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~