တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးဖုန်းကို မဖြစ်မနေ ဆက်သွယ်ရန်ထုတ်ပြန်

တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးဖုန်းကို မဖြစ်မနေ ဆက်သွယ်ရန်ထုတ်ပြန်
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency
တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ပေကျင်းမြို့ရှိ မြန်မာသံရုံးဖုန်းကို မဖြစ်မနေ ဆက်သွယ်ရန်ထုတ်ပြန်

တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် လက်ရှိဖြစ်ပွားနေသော 2019-nCov  ကိုရိုနာဗိုင်း ပျံ့နှံ့နေမှုကြောင့် မြန်မာနိုင်ငံရှိ နေရပ်ပြန်နိုင်ရေးအတွက် ပေးကျင်းမြို့ရှိ မြန်မာသံရုံးဖုန်းသို့ ဆက်သွယ်၍ မရမချင်း  ဆက်သွယ်ရန် ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ တယ်လီဖုန်းဖြင့်မေးမြန်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားအရေအတွက် များပြားနေသဖြင့် တယ်လီဖုန်းလိုင်းများ မအားလပ်ခြင်း၊ အခြားတယ်လီဖုန်းများဖြေကြားနေရသဖြင့် ဆက်သွယ်သည့် ဖုန်းနံပတ်များကို ဖြေကြားနိုင်ခြင်းမရှိမှုများဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် နိုင်ငံသားများအနေဖြင့် စိတ်ရှည်စွာဖြင့် သံရုံးဖုန်းကို ဆက်သွယ်ရသည်အထိစောင့်ဆိုင်းခေါ်ဆိုရန်လိုအပ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် တရုတ်အစိုးရနှင့် ဒေသအာဏာပိုင်များက ပြည်နယ်တစ်ခုမှတစ်ခုသို့ ဖြတ်သန်းရေး၊ မော်တော်ယာဉ်ငှားရမ်းရေး အပါအဝင် ခရီးသွားလာရေး၊ အခြားရွှေ့ပြောင်းသွားလာခြင်းများ ထိန်းချုပ်မှုများရှိသဖြင့် ခရီးသွားလာရေး ခက်ခဲနေသဖြင့် မြန်မာသံရုံးမှ ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းပြီး အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများအနေဖြင့် တရုတ်နိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကြောင်းကြားရာတွင် မိမိတို့၏နေရပ်လိပ်စာ(သို့မဟုတ်)စက်ရုံလိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရမည့်တယ်လီဖုန်းနံပတ်နှင့် Wechat Account နံပတ်များ အတိအကျဖော်ပြပေးရန် လိုအပ်ကြောင်းသိရသည်။

တရုတ်နိုင်ငံတွင်း ရောက်ရှိနေသည့် မြန်မာလုပ်သားများအနေဖြင့် ပေကျင်းရှိမြန်မာသံရုံး၊ ဖုန်း- ၈၆ ၁၀၆၅၃၂၄၅၅၄၊ ၈၆ ၁၃၂၆၀၁၁၃၈၉၉၊ ၈၆ ၁၈၃၀၁၆၁၄၀၉၅၊ ၈၆ ၁၃၀၁၁၂၆၁၀၅၉၊ ၈၆ ၁၃၄၃၉၂၀၃၃၈၅၊ ဖက်နံပတ်- ၈၆ ၁၀၆၅၃၂၀၄၀၈၊ Wechat- ၈၆ ၁၃၂၆၀၁၁၃၈၉၉၊ ကူမင်းမြို့ရှိ မြန်မာသံအမတ်၊ ဖုန်း- ၈၆ ၈၇၁၆၈၁၆၂၈၁၄၊ ၈၆ ၁၇၆၈၇၀၀၁၈၇၄၊ ၈၆ ၇၇၁၅၆၇၂၈၄၅၊ ၈၆ ၁၈၅၇၇၁၄၅၉၃၉ တို့ကို ဆက်သွယ် အကြောင်းကြားရန် လိုအပ်ကြောင်း သိရသည်။ 

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~