တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်
နေပြည်တော်မှာကျင်းပခဲ့တဲ့ JICM အစည်းအဝေးမှာ RCSS/SSA က ဆွေးနွေးခဲ့မှု အခြေအနေ
နေပြည်တော်မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကျင်းပတဲ့ (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ RCSS ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ (၁၂) ရက်နေ့ ညနေပိုင်းမှာ လေကြောင်းခရီးစဉ်နဲ့ တာချီလိတ်မြို့ကို ရောက်ရှိလာခဲ့ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
(၈)ကြိမ်မြောက် JICM အစည်းအဝေးမှာ ပြည်သူလူထုတွေအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေအပါအဝင် အခြားအချက်တွေတောင်းဆိုခဲ့ကြောင်း RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။
အစိုးရပိုင်းက အခက်အခဲတွေရှိနေပေမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေကကောင်းမွန်ခဲ့ကြောင်းလည်း ပြောပါတယ်။
၂၁ ရာစုပင်လုံကို ၂၀၂၀ ပထမလေးလပတ်အတွင်းမှာ ကျင်းပဖို့ရှိကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေးမှာ အချက် (၈) ချက်နွေးခဲ့ပြီးတော့ အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီး သီးခြားဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။