အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ် ၁၁ ခုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်

အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ် ၁၁ ခုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်
ဇန်နဝါရီ 4, 2020
By Tachileik News Agency
အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ် ၁၁ ခုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ၏ ချေးငွေရယူလိုသူများအနေဖြင့် ဘဏ် (၁၁) ခုတွင် ချိတ်ဆက် လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်သည် JICA ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေ စီမံကိန်းတွင် စီမံကိန်းစီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီသည့် လယ်သမားများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်နှင့် ပျော်ပွဲစားရုံလုပ်ငန်းများ၊ ဖျော်ဖြေမှု တင်ဆက်မှုလုပ်ငန်းများ (နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ)၊ လက်နက်ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများမှအပ ကျန်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါချေးငွေစီမံကိန်းမှ ချေးငွေရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချေးငွေကို အများဆုံး ကျပ်သန်း (၅၀၀)အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားများဘဏ်၊
ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် နေပြည်တော်စည်ပင်ဘဏ်တို့တွင် ဆက်သွယ်လျှောက်ထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~