ထိုင်းနိုင်ငံ၏ ယခင် လဝကဒုဗိုလ်ချုပ်ကြီးအား ပစ်ခတ်လုပ်ကြံသော်လည်း အသက်ဘေးမှ လွတ်မြောက်

ထိုင်းနိုင်ငံ၏ ယခင် လဝကဒုဗိုလ်ချုပ်ကြီးအား ပစ်ခတ်လုပ်ကြံသော်လည်း အသက်ဘေးမှ လွတ်မြောက်
ဇန်နဝါရီ 6, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ၏ ယခင် လဝကဒုဗိုလ်ချုပ်ကြီးအား ပစ်ခတ်လုပ်ကြံသော်လည်း အသက်ဘေးမှ လွတ်မြောက်

ထိုင်းဝန်ကြီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ယခင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ရဲဒုတိယ ဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းကို ဘန်ကောက်မြို့ ဆူရာဝန်လမ်း၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ ထိုင်းစံတော်ချိန် ည (၉)နာရီ မိနစ်(၄၀)တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်သွားကြောင်း သိရသည်။

ဆူရာဝန်လမ်းရှိ ဆိုင်တစ်ခုရှေ့တွင် ကားကိုရပ်ထားစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားစဉ် ဆူရချေ့မှာ ကားအတွင်းရှိမနေ၍ လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားကို သေနတ်ဖြင့် (၆) ချက် ပစ်ခတ်ခံထားရသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က အနီးပတ်ဝန်းကျင်ရှိ CCTV ကင်မရာများမှ မှတ်တမ်းများရယူကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ရုံး၌ အရပ်ဖက်ရာထူးတာဝန်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရချေ့ဟတ်ဖန်းမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလမတိုင်မီက လူဝင်မှုကြီးကြပ်ရေးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ နာမည်ကောင်းရသူဖြစ်ပြီး အများပြည်သူကြားတွင် Big Joke ဟု လူသိများသူလည်းဖြစ်သည်။

Tachileik News Agency
Ref; โปลิศไทยแลนด์
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~