America's Got Talent တွင် မြန်မာကိုယ်စားပြု Junior Creative အဖွဲ့က စစ်ပွဲကြားမှ မြေစာပင်ကလေးငယ်များ အရိပ်ပြကွက်ဖြင့် ယှဉ်ပြိုင်

America's Got Talent တွင် မြန်မာကိုယ်စားပြု Junior Creative အဖွဲ့က စစ်ပွဲကြားမှ မြေစာပင်ကလေးငယ်များ အရိပ်ပြကွက်ဖြင့် ယှဉ်ပြိုင်
ဇန်နဝါရီ 7, 2020
By Tachileik News Agency

America's Got Talent တွင် မြန်မာကိုယ်စားပြု Junior Creative အဖွဲ့က စစ်ပွဲကြားမှ မြေစာပင်ကလေးငယ်များ အရိပ်ပြကွက်ဖြင့် ယှဉ်ပြိုင်

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် ကျင်းပနေသည့် America's Got Talent the Champions Season 2 ၏ ကွာတားဖိုင်နယ်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့က ယှဉ်ပြိုင်ရာ  Myanmar Got Talent မှ Junior Creative အဖွဲ့က စစ်ပွဲများကြားမှ မြေစာပင်ဖြစ်ကြရသည့် ကလေးငယ်များအကြောင်း အရိပ်ပြကွက်ဖြင့် ယှဉ်ပြိုင်သွားသည်။

“ငြိမ်းငြိမ်းချမ်းချမ်းနေနေရတဲ့ မိသားစုလေးတစ်စုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရတယ်။ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရတယ်။ ဒါပေမဲ့ ကြီးပြင်းလာတဲ့အခါ သူမ ခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြထားတာဖြစ်ပါတယ်”

ဟု Junior Creative အဖွဲ့က ၎င်းတို့၏ ကကွက်အကြောင်းကို ရှင်းလင်းပြောကြားထားသည်။

Junior Creative အဖွဲ့သည် America’s Got Talent ၏ the Champions Season 2 တွင် ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပထမဆုံး ယှဉ်ပြိုင်ခွင့်ရခဲ့သည့်အဖွဲ့ဖြစ်သည်။

American’s Got Talent သည် ကမ္ဘာပေါ်ရှိ Got Talent များမှ အနိုင်ရသူများကို ရွေးချယ်ခေါ်ယူပြီး ယှဉ်ပြိုင်သဖြင့် ကမ္ဘာတလွှားမှ စိတ်ဝင်စားမှုခံရသည့်ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

Tachileik News Agency
Photo: Junior Creative
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~