တာချီလိတ်တွင် စည်ပင်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင် သတ်မှတ်သည့် အခွန်နှုန်းထားသစ်များဖြင့် စတင်ကောက်ခံတာချီလိတ်တွင် စည်ပင်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင် သတ်မှတ်သည့် အခွန်နှုန်းထားသစ်များဖြင့် စတင်ကောက်ခံ

တာချီလိတ်တွင် စည်ပင်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင် သတ်မှတ်သည့် အခွန်နှုန်းထားသစ်များဖြင့် စတင်ကောက်ခံတာချီလိတ်တွင် စည်ပင်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြင်ဆင် သတ်မှတ်သည့် အခွန်နှုန်းထားသစ်များဖြင့် စတင်ကောက်ခံ
ဒီဇင်ဘာ 9, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အတွက် ပြင်ဆင်သတ်မှတ်ထားသည့် အခွန်နှုန်းထားများဖြင့် ပြောင်းလဲကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။

"အခွန်နှုန်းအသစ်တွေက စကောက်နေပြီ။ ကြေငြာထားတဲ့ နှုန်းထားတွေအတိုင်း အခွန်စည်းကြပ်နေပြီ။ တစ်နှစ်လုံးအတွက် လျာထားကောက်ခံမယ့် နှုန်းထားတွေပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနက ကောက်ခံနေသည့် အခွန်အခများမှာ ခေတ်ကာလနှင့် ကိုက်ညီမှုမရှိတော့သည့်အတွက် ၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြင်ဆင်သတ်မှတ်နိုင်ရေးဆွေးနွေးပြီး လက်ရှိအခွန်နှုန်းထားသစ်များကို ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဆင်လိုက်သည့် အခွန်နှုန်းထားသစ်များအရ အဆောက်အဦးများဆောက်လုပ်ရာတွင် ပစ္စည်းခွန် စံငှားရမ်းခ (၁၃) မျိုးအတွက် အခွန်နှုန်းထား အမြင့်ဆုံး ကျပ် (၅၀,၀၀၀) မှ အနိမ့်ဆုံး ကျပ် (၂၅၀၀) ထိ လည်းကောင်း၊ ယာဉ်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို အမြင့်ဆုံး ကျပ် (၁၂,၀၀၀) မှ အနိမ့်ဆုံး ကျပ် (၁,၀၀၀) အထိ လည်းကောင်း၊ သားသတ်ရုံခအတွက် အခွန်နှုန်းထားအမြင့်ဆုံး ကျပ် (၁,၅၀၀) မှ အနိမ့်ဆုံး ကျပ် (၅၀၀) အထိလည်းကောင်း၊ စီးပွားရေးကြော်ငြာဆိုင်းဘုတ် စိုက်ထူခ (၁) ပေပတ်လည်လျှင် အခွန်နှုန်းထား ကျပ် (၅၀၀) အထိလည်းကောင်း၊ ပုဂ္ဂလိက အိမ်ဆိုင်လိုင်စင်ခ (၁၁) မျိုးအတွက် အခွန်နှုန်းထားအမြင့်ဆုံး ကျပ် (၄၈,၀၀၀) မှ အနိမ့်ဆုံးကျပ် (၃,၀၀၀) အထိ လည်းကောင်း၊ စားသောက်ဆိုင်လိုင်စင် (၆) မျိုးအတွက် အခွန်နှုန်းထား အမြင့်ဆုံးကျပ် (၂၈,၀၀၀) မှ အနိမ့်ဆုံးကျပ် (၂,၂၀၀) အထိလည်းကောင်း ဘေးအန္တရာယ်ရှိသော လုပ်ငန်းလိုင်စင် (၂၉) မျိုးအတွက် အမြင့်ဆုံးအခွန်နှုန်းထား ကျပ် (၃၀,၀၀၀) မှ အနိမ့်ဆုံး ကျပ် (၅,၀၀၀) အထိ လည်းကောင်း အသီးသီးတိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~