မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းမှတိုင်ကြားမှု ၄ ခုပေးပို့

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်းမှတိုင်ကြားမှု ၄ ခုပေးပို့
ဒီဇင်ဘာ 17, 2019
By Tachileik News Agency
မူးယစ်ဆေးအထူးသတင်းတိုင်ကြားရေးဌာနသို့ ရှမ်းပြည်နယ်  တောင်ပိုင်းနှင့် မြောက်ပိုင်းမှ   
တိုင်ကြားမှု ၄ ခုပေးပို့ တိုင်ကြား

နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့အထိ တိုင်ကြားမှုများအား အရေးယူမှု (၁၂)မှုတွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများမှ တိုင်ကြားမှု (၄)ခုပါဝင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တိုင်ကြားမှုတစ်ခုမှ မရှိသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်အတွင်းမှ တိုင်ကြားမှု (၄)ခုတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့၊ မဘိမ်းမြို့နယ် ခတ်ခုံကျေးရွာနှင့် ဘိုင်ဘင်ကျေးရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့တို့မှဖြစ်ပြီး တိုင်ကြားခံရသူများကို မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိမိတို့ဒေသတွင် မူးယစ်ဆေးဝါးပြဿနာများဖြစ်ပွားနေပါက ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးရောင်းဝယ်မှုများ သတင်းရရှိပါက တိုင်ကြားသူ၏ အချက်အလက်များ ဖေါ်ပြရန်မလိုဘဲ လုံခြုံစိတ်ချစွာတိုင်ကြားနိုင်မည့် နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖုန်း ၀၆၇ ၅၉၀၂၀၀ သို့ လည်းကောင်း၊ ဖက်စ်ပို့လိုပါက ဖုန်း ၀၆၇ ၅၉၀၂၃၃ သို့လည်းကောင်း အီးမေးလ်ဖြင့် ပေးပို့လိုပါက [email protected] သို့လည်းကောင်း သတင်းပေးပို့နိုင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့မှစ၍ နိုင်ငံတော် သမ္မတရုံးတွင် ဖွင့်လှစ်လိုက်ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့အထိ ဒေသ အသီးသီးမှ တိုင်ကြားမှုပေါင်း (၈၉၆)မှုမှ အမျိုးသား (၁၁၅၂)ဦးနှင့် အမျိုးသမီး (၂၂၇)ဦးကို အမှုဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~