တာချီလိတ်မြို့အလွန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နှစ်သစ်ကူးကာလ ယာဉ်တိုက်မှုလျှော့ချရေး အစီအစဉ်ဖြင့် လမ်းအမှတ်အသားများ မြင်သာစေရန် ပြင်ဆင်နေ

တာချီလိတ်မြို့အလွန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နှစ်သစ်ကူးကာလ ယာဉ်တိုက်မှုလျှော့ချရေး အစီအစဉ်ဖြင့် လမ်းအမှတ်အသားများ မြင်သာစေရန် ပြင်ဆင်နေ
ဒီဇင်ဘာ 23, 2019
By Tachileik News Agency
တာချီလိတ်မြို့အလွန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် နှစ်သစ်ကူးကာလ ယာဉ်တိုက်မှုလျှော့ချရေး အစီအစဉ်ဖြင့် လမ်းအမှတ်အသားများ မြင်သာစေရန် ပြင်ဆင်နေ

နှစ်သစ်ကူးကာလတွင် တာချီလိတ်နှင့် နီးသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ လာရောက်လည်ပတ်သူများလေ့ရှိသဖြင့် လမ်းနှင့် ယာဉ်အန္တရာယ် လျှော့ချရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိပ်ရှိ လမ်းများ အပါအဝင် မြို့တွင်းလမ်းများမှ လမ်းအမှတ်အသားများ မြင်သာစေရန် ပြုပြင်ခြင်းများကို ဆောင်ရွက် နေပြီဖြစ်သည်။

မယ်ဆိုင်မြို့တွင် နှစ်သစ်ကူးကာလအတွင်း တာချီလိတ်ဘက်မှ ဝင်ရောက်လည်ပတ်သူ များပြားလေ့ရှိသဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ရှိ လမ်းများတွင် လမ်းညွှန် အမှတ်အသားများကို ထင်ရှားစွာ မြင်သာစေရန် ပြုပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

နှစ်သစ်ကူး ကာလအတွင်း နေရပ်ပြန်သူများ၊ သွားလာလည်ပတ်သူများပြားမည်ဖြစ်ရာ ယာဉ်မတော်တဆမှု လျှော့ချရေးအတွက် ထိုင်းနိုင်ငံတဝန်းတွင် ရဲတပ်ဖွဲ့ဝင်အင်အား (၇၄,၀၀၀)အသုံးပြု၍ ယာဉ်လမ်းစည်းကမ်း စစ်ဆေးမှုကို တင်းကြပ်စွာဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

နှစ်သစ်ကူးကာလ ပိတ်ရက်အတွင်း သွားလာမှုများသည့် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဇန်နဝါရီလ (၂)အထိ (၇)ရက်တာကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးကြပ်မတ်သွားမည်ဖြစ်ရာ အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်ခြင်း၊ လိုင်စင်မပါဘဲ မောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနှင် စီးနင်းစဉ် လုံခြုံရေးခါး ပတ်မပတ်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးကြပ်မတ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: Maesai Police
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~