ရန်ကုန်လေဆိပ်ရှေ့တွင် ခရီးသည်ကြိုပို့ယာဉ်များ ရောက်ရှိထွက်ခွာစနစ် ပြောင်းလဲကျင့်သုံး

ရန်ကုန်လေဆိပ်ရှေ့တွင် ခရီးသည်ကြိုပို့ယာဉ်များ ရောက်ရှိထွက်ခွာစနစ် ပြောင်းလဲကျင့်သုံး
နိုဝင်ဘာ 18, 2019
By 🌸

ရန်ကုန်လေဆိပ်ရှေ့တွင် ခရီးသည်ကြိုပို့ယာဉ်များ ရောက်ရှိထွက်ခွာစနစ် ပြောင်းလဲကျင့်သုံ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံရှေ့တွင် မော်တော်ယာဉ်များ ရပ်နားစောင့်ဆိုင်းခွင့်မပြုတော့ဘဲ ခရီးသည် အတင်၊ အချပြုလုပ်ပြီးသည် ထွက်ခွာစေသည့်စနစ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့မှ စတင်အသုံးပြုနေပြီဖြစ်သည်။

လေဆိပ်အဆောက်အအုံရှေ့တွင် ခရီးသည် ကြိုပို့ယာဉ်များအတွက် ဧရိယာများ သတ်မှတ်ပေးထားပြီး Terminal 1 တွင် ခရီးသည်ပို့ဆောင်ရန်အတွက် ဂိတ်အမှတ် (၁)၊(၂)၊ (၃) နှင့် (၄)ကိုလည်းကောင်း၊ ခရီးသည်ကြိုဆိုရန် ဂိတ်အမှတ် (၅)၊ (၆)၊ (၇) နှင့် (၈)တို့ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေဆိပ်အဆောက်အအုံ Terminal 3 တွင် ခရီးသည်ပို့ဆောင်ရန် ဂိတ်အမှတ် (၁)၊(၂) နှင့် (၃)ကိုလည်းကောင်း ခရီးသည်ကြိုဆိုရန် ဂိတ်အမှတ် (၄)ကိုလည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေဆိပ်တွင် ခရီးသည် ပို့ဆောင်၊ ကြိုဆိုသော မော်တော်ယာဉ်များအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အအုံများရှိ သတ်မှတ်နေရာများတွင်သာ ခရီးသည်များ အတင်/အချပြုလုပ်ရန် ခေတ္တရပ်နားနိုင်မည်ဖြစ်ပြီး ကြာမြင့်စွာ ရပ်နားစောင့်ဆိုင်းထားသော ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ စစ်ဆေးအရေးယူသွားမည်ဟု သိရသည်။

မော်တော်ယာဉ်များကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံအရှေ့နှင့် ပြည်တွင်းလေဆိပ် အဆောက်အအုံဘေးတွင်ရှိသော ကားရပ်နားရာနေရာများ၌ မိနစ် (၃၀)အထိ အခမဲ့ရပ်နားနိုင်ပြီး ယာဉ်ရပ်နားချိန် မိနစ် (၃၀)ကျော်လွန်ပါက ယာဉ်ရပ်နားခသတ်မှတ်နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net