မကွေးတိုင်းမှ အသက် (၅)နှစ်ခွဲအောက်ကလေးများ နိုဝင်ဘာလ (၂၈)ရက်နေ့အထိ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးနေ

မကွေးတိုင်းမှ အသက် (၅)နှစ်ခွဲအောက်ကလေးများ နိုဝင်ဘာလ (၂၈)ရက်နေ့အထိ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးနေ
နိုဝင်ဘာ 26, 2019
By 🌸

မကွေးတိုင်းမှ အသက် (၅)နှစ်ခွဲအောက်ကလေးများ နိုဝင်ဘာလ (၂၈)ရက်နေ့အထိ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးနေ

မကွေးတိုင်းအတွင်းမှ အသက်(၅)နှစ်ခွဲအောက် ကလေးဦးရေ (၃)သိန်း (၇)ထောင်ကျော်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံပေးနေရာ နီးစပ်ရာ ကာကွယ်ဆေးထိုးသည့်စုရပ်များတွင် မိမိတို့၏ကလေးများကို ကာကွယ်ဆေးထိုးနှံနိုင်မည်ဖြစ်သည်။

“ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသူဖြစ်စေ အသက်(၉)လကနေ (၅)နှစ်ခွဲအထိ ကလေးတွေကို ထိုးပေးသွားမှာပါ။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာတော့ အသက်(၉)လနဲ့ (၁)နှစ်ခွဲအရွယ်မှာ ထိုးပေးနေပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝက်သက်ရောဂါဖြစ်လျင် ပြင်းထန်သည့် ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောင်၊ ဦးနှောက်ရောင်နှင့် အာဟာရ ချို့တဲ့ခြင်းစသည့် နောက်ဆက်တွဲရောဂါများဖြင့် အသက်ဆုံးရှုံးပြီး ဂျိုက်သိုးရောဂါမှာ ကလေးများတွင် မပြင်းထန်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးများမှာမူ သေဆုံးခြင်း၊ ဆွံ့အနားမကြားနှင့် မျက်စိကွယ်ခြင်းများဖြစ်နိုင်ကြောင်း  သိရသည်။

ကာကွယ်ဆေးမှာ ကလေး(၁၀၀)လျှင် (၈၅)ဦးခန့်သာ ဆေးသက်ရောက်မှု အပြည့်အဝရရှိသည့်အတွက် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးမှ ကလေးငယ်များကို ထိုးနှံပေးခဲ့ပြီးဖြစ်သော်လည်း သက်ရောက်မှုမရှိသော ကလေးငယ်များအတွက် အပိုဆောင်းထိုးနှံခြင်းဖြင့် ၂၀၂၃ ခုနှစ်မှစ၍ မွေးရာပါ ဝက်သက်၊ ဂျိုက်သိုးရောဂါပိုး ကင်းစင်စေရန် အပိုဆောင်းကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ပြုလုပ်သည့် ကာကွယ်ဆေးထိုးနှံခြင်းသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းလွှတ်တော် ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊  တိုင်းပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်/ဓာတ်ပုံ - ဖီးနစ်

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~