ဝင်ငွေခွန်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဒီဇင်ဘာလ(၃၁)အထိ အကြံပြုချက်များပေးနိုင်

ဝင်ငွေခွန်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဒီဇင်ဘာလ(၃၁)အထိ အကြံပြုချက်များပေးနိုင်
နိုဝင်ဘာ 27, 2019
By Tachileik News Agency

တည်ဆဲဝင်ငွေခွန်ဥပဒေကို ပြန်လည်ပြင်ဆင်နေသည့် ဝင်ငွေခွန်ဥပဒေ (မူကြမ်း)အပေါ် အများပြည်သူထံမှ အကြံပြုချက်များကို ပြည်တွင်းအခွန်များဦးစီးဌာနက တောင်းခံထားပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ကြမည်ဖြစ်သည်။

အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ခေတ်ကာလနှင့်လျော်ညီစေရန် အသစ်ပြန်လည် ရေးဆွဲနေခြင်းဖြစ်ပြီး ဝင်ငွေခွန်ဥပဒေ (မူကြမ်း)ကို ပြည်တွင်းအခွန်များဦးစီးဌာန Website တွင်လွှင့်တင်ပေးထားသည်။

ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ အကြံပြုချက်များပေးပို့လိုပါက taxpolicyandresearch.ird@gmail.com သို့ ဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၊ နေပြည်တော်သို့ လိပ်မူ၍ဖြစ်စေ အကြံပြုချက်များ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေခွန်ဥပဒေမူကြမ်းကို အောက်တွင် နိပ်၍ ရယူပါ

Tachileik News Agency

 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~