တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို နံနက် (၁၀)နာရီခွဲတွင် ပြန်လည် ဖွင့်လှစ်ထား

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို နံနက် (၁၀)နာရီခွဲတွင် ပြန်လည် ဖွင့်လှစ်ထား
အောက်တိုဘာ 16, 2019
By Tachileik News Agency
တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို နံနက် (၁၀)နာရီခွဲတွင် 
ပြန်လည် ဖွင့်လှစ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် (၅)နိုင်ငံသံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူနေ၍ နံနက်(၇)နာရီမှစ၍ ယာယီပိတ်ထားရာမှ နံနက် (၁၀)နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)မှ လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို နံနက် (၇)နာရီမှ နံနက် (၁၀)နာရီအထိ ယာယီပိတ်ထားရာမှ သံဃာတော်များ ကြွရောက်လာချိန်မှာ မူလခန့်မှန်းသည်ထက် နောက်ကျနေ၍ တံတားပိတ်ချိန်ကို မူလကြေညာထားသည့်အချိန်မှ နာရီဝက်ခန့် နောက်ကျ၍ ဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - WMM



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

 ပြန်လည် ဖွင့်လှစ်ထား



Tachileik News Agency
ဓါတ်ပုံ - WMM

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net