ဝင္းႏွင့္ေဇာ္အတြက္ အသနားခံစာတင္ရန္ ျပင္ဆင္ေနစဥ္ လူ႔အခြင့္အေရးအရ ကူညီရန္ ထုိင္းလူ႔အခြင့္အေရးေကာ္မရွင္ကို ျမန္မာေကာ္မရွင္ အကူအညီေတာင္းခံ

ဝင္းႏွင့္ေဇာ္အတြက္ အသနားခံစာတင္ရန္ ျပင္ဆင္ေနစဥ္ လူ႔အခြင့္အေရးအရ ကူညီရန္ ထုိင္းလူ႔အခြင့္အေရးေကာ္မရွင္ကို ျမန္မာေကာ္မရွင္ အကူအညီေတာင္းခံ
စက်တင်ဘာ 9, 2019
By 🌸
ထုိင္းနုိင္ငံတြင္ ခုိေတာင္ကၽြန္းလူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဒဏ္ခ်မွတ္ခံထားရသည့္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ဝင္းေဇာ္ထြန္းနွင့္ ေဇာ္လင္းတို႔ အသက္ရွင္သန္ပိုင္ခြင့္ ခံစားႏုိင္ေရးအတြက္ ျမန္မာနိုင္ငံ အမ်ိုးသား လူ့အခြင့္အေရးေကာ္မရွင္က ထုိင္းႏို္င္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္အား အကူအညီ ေတာင္းခံထားေၾကာင္း သိရသည္။
ေနာက္ဆံုးအယူခံရံႈးနိမ့္ထားသည့္ ျမန္မာနုိင္ငံသားႏွစ္ဦးအေနျဖင့္ အသက္ရွင္သန္ပိုင္ခြင့္ ရရိွခံစားႏိုင္ေရးအတြက္ ထုိင္းႏို္င္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္က ကူညီေဆာင္ရြက္ေပးပါရန္ႏွင့္ အဆိုပါ ျမန္မာလုပ္သားႏွစ္ဦးအတြက္ ၂၀၁၄ ခုႏွစ္၊ ေအာက္တိုဘာလက တစ္ႀကိမ္၊ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလက တစ္ႀကိမ္ ေမတၱာရပ္ခံစဥ္ကလည္း ကူညီေဆာင္ရြက္ေပးခဲ့မႈမ်ားအေပၚ ျမန္မာ လူ႔အခြင့္ေရး ေကာ္မရွင္အေနျဖင့္ ေက်းဇူးတင္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔ ေန႔စြဲျဖင့္ ေပးပို႔လုိက္သည့္ ညိႇႏိႈင္းေမတၱာရပ္ခံစာတြင္ ေဖၚျပထားသည္။
အဆိုပါ ျမန္မာလုပ္သားႏွစ္ဦးကို ျပစ္ဒဏ္ ေလ်ာ့ေပါ့ေရးအတြက္ အသနားခံစာတင္ရန္ ျမန္မာအစိုးရကိုယ္စား ထိုင္းႏိုင္ငံ ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း ဦးေဆာင္သည့္ သံ႐ုံးတာဝန္ရွိသူမ်ားကလည္း စက္တင္ဘာလ (၅)ရက္ေန႔က ထိုင္းေရွ႕ေနမ်ားေကာင္စီႏွင့္ေတြ႔ဆံုၿပီး ေဆာင္ရြက္ေနျခင္း ျဖစ္သည္။
ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ႏုိင္ေရး ျမန္မာအစိုးရက ကူညီေဆာင္ရြက္ေပးေရး လုပ္ေဆာင္ ေနေၾကာင္းႏွင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကလည္း ထုိင္းႏုိင္ငံရွိ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆံုကာ ကူညီေဆာင္ရြက္ေပးရန္ ေဆြးေႏြးထားေၾကာင္းကို ျမန္မာ့တပ္မေတာ္မွ ညိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက အဆိုပါ  ျမန္မာလုပ္သားႏွစ္ဦးကို ထိုင္းႏုိင္ငံ၊ ႏြန္ဌာဘူရီခ႐ိုင္၊ ဘန္ခြမ္ဗဟုိ အက်ဥ္းေထာင္၌ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃)ရက္ေန႔က သြားေရာက္ေတြ႔ဆံု အားေပးထားသည့္အျပင္ ၎တို႔ႏွစ္ဦးလြတ္ေျမာက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနသည့္ ထုိင္းႏိုင္ငံအေျခစိုက္ MWRN ကလည္း သြားေရာက္ေတြ႔ဆံုကာ လုိအပ္သည္မ်ား ကူညီေပးေနေၾကာင္း သိရသည္။
ဝင္းေဇာ္ထြန္းနွင့္ ေဇာ္လင္းတို႔မွာ ၂ဝ၁၄ ခုႏွစ္၊ စက္တင္ဘာလအတြင္းက ခုိေတာင္ကၽြန္းတြင္ ၿဗိတိန္ႏုိင္ငံသား ႏွစ္ဦး အသတ္ခံခဲ့ရေသာ ျဖစ္စဥ္၌ က်ဴးလြန္ေၾကာင္း စြပ္စြဲခ်က္ျဖင့္ ေသဒဏ္ခ်မွတ္ျခင္းခံထားရၿပီး ေနာက္ဆံုးအယူခံ ရံႈးနိမ့္ထားျခင္းျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - MOFA
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဝင်းနှင့်ဇော်အတွက် အသနားခံစာတင်ရန် ပြင်ဆင်နေစဉ် လူ့အခွင့်အရေးအရ ကူညီရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို မြန်မာကော်မရှင် အကူအညီတောင်းခံ
***********
ထိုင်းနိုင်ငံတွင် ခိုတောင်ကျွန်းလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ အသက်ရှင်သန်ပိုင်ခွင့် ခံစားနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား အကူအညီ တောင်းခံထားကြောင်း သိရသည်။

နောက်ဆုံးအယူခံရှုံးနိမ့်ထားသည့် မြန်မာနိုင်ငံသားနှစ်ဦးအနေဖြင့် အသက်ရှင်သန်ပိုင်ခွင့် ရရှိခံစားနိုင်ရေးအတွက် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကူညီဆောင်ရွက်ပေးပါရန်နှင့် အဆိုပါ မြန်မာလုပ်သားနှစ်ဦးအတွက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက တစ်ကြိမ် မေတ္တာရပ်ခံစဉ်ကလည်း ကူညီဆောင်ရွက်ပေးခဲ့မှုများအပေါ် မြန်မာ လူ့အခွင့်ရေး ကော်မရှင်အနေဖြင့် ကျေးဇူးတင်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နေ့စွဲဖြင့် ပေးပို့လိုက်သည့် ညှိနှိုင်းမေတ္တာရပ်ခံစာတွင် ဖေါ်ပြထားသည်။

အဆိုပါ မြန်မာလုပ်သားနှစ်ဦးကို ပြစ်ဒဏ် လျော့ပေါ့ရေးအတွက် အသနားခံစာတင်ရန် မြန်မာအစိုးရကိုယ်စား ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံးတာဝန်ရှိသူများကလည်း စက်တင်ဘာလ (၅)ရက်နေ့က ထိုင်းရှေ့နေများကောင်စီနှင့်တွေ့ဆုံပြီး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်နိုင်ရေး မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးရေး လုပ်ဆောင် နေကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးထားကြောင်းကို မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဆိုပါ  မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့က သွားရောက်တွေ့ဆုံ အားပေးထားသည့်အပြင် ၎င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် MWRN ကလည်း သွားရောက်တွေ့ဆုံကာ လိုအပ်သည်များ ကူညီပေးနေကြောင်း သိရသည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့မှာ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရသော ဖြစ်စဉ်၌ ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခြင်းခံထားရပြီး နောက်ဆုံးအယူခံ ရှုံးနိမ့်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - MOFA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net